Connect with us

China

တရုတ်ရဲတပ်ဖွဲ့က ဆက်သွယ်ရေးလိမ်လည်မှုသံသယရှိသူ ၁၁ ဦး မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာ

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ၁၁ ဉီးကို မြန်မာနိုင်ငံမှ မကြာသေးမီက ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မြဝတီမြို့တွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးတွင် နေထိုင်သူများအား ပစ်မှတ်ထားကာ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများဖြစ်သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မကြာသေးမီနှစ်များအတွင်း ရဲတပ်ဖွဲ့၏နှိမ်နင်းမှုများကို ရှောင်ရှားရန် ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သောအဖွဲ့များစွာသည် ၎င်းတို့၏တည်နေရာကို တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းမှု များပြားလာကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအို စသည့် နိုင်ငံများမှ ရဲတပ်ဖွဲ့များနှင့်အတူ ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ သံသယရှိသူ ၃၀၀ ကျော် ဖမ်းဆီးမိခဲ့ကြောင်း၊ အဆိုပါ အမှုများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

…………………………..
(English Version)
Chinese police bring back 11 telecom fraud suspects from Myanmar

BEIJING, Aug. 25 (Xinhua) — Chinese police recently brought 11 telecom fraud suspects back from Myanmar, said the Ministry of Public Security on Friday.
The suspects were detained by Myanmarese police in Myawaddy town, southeast Myanmar. They allegedly operated telecom fraud targetting people on the Chinese mainland, the ministry said in a press release.
An increasing number of telecom fraud organizations have moved their dens out of China to avoid police crackdowns in recent years, the ministry said.
Since the beginning of this year, Chinese police have launched joint operations with police forces from the Philippines, Cambodia, Myanmar and Laos and captured more than 300 suspects, the ministry said, adding that these cases are still under investigation.