Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ယူကေ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ယူကေ နိုင်ငံခြားရေးဝန်ကြီး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရေးရာဝန်ကြီး James Cleverly တို့ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ယူကေ နိုင်ငံခြားရေးဝန်ကြီး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရေးရာဝန်ကြီး James Cleverly နှင့် ပေကျင်းမြို့၌ ဩဂုတ် ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံအနေဖြင့် ကြီးမားသောအင်အားနှင့် ထူးခြားသောအခန်းကဏ္ဍအဖြစ် ယူကေ၏ ရပ်တည်ချက်အနေအထားကို အစဉ်အမြဲ အထူးအလေးထားကြောင်း၊ တည်ငြိမ်၍ အပြန်အလှန်အကျိုးကျေးဇူးရှိသော တရုတ်-ယူကေ ဆက်ဆံရေးအတွက် ကတိပြုထားကြောင်းနှင့် တရုတ်-ယူကေ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိသည်ဟု အမြဲတစေယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ယူကေ နိုင်ငံခြားရေးဝန်ကြီး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရေးရာဝန်ကြီး James Cleverly တို့ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အသေးစိတ်ရှင်းပြခဲ့ကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” သည် ထိုင်ဝမ်ရေလက်ကြားတစ်ခွင် တည်ငြိမ်ရေးနှင့် တခြားစီဖြစ်ကြောင်း၊ ယူကေအနေဖြင့် တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများကို အလေးအနက်ထားသင့်ကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားသင့်ကြောင်း ဝမ်က ပြောခဲ့သည်။

ယူကေ နိုင်ငံခြားရေးဝန်ကြီး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရေးရာဝန်ကြီး James Cleverly က ကောင်းမွန်သော ယူကေ-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဗြိတိန်အစိုးရ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း၊ ဗြိတိန်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာကြောင်း Cleverly က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM holds talks with UK foreign secretary
BEIJING, Aug. 30 (Xinhua) — Chinese Foreign Minister Wang Yi held talks with James Cleverly, the Secretary of State for Foreign, Commonwealth and Development Affairs of the United Kingdom, in Beijing on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said China has always attached importance to the UK’s status as a great power and its unique role, committed itself to stable and mutually beneficial China-UK relations, and always believed that China-UK cooperation has global influence.
Wang elaborated on China’s position on the Taiwan question, stressing that “Taiwan independence” is incompatible with the stability across the Taiwan Strait, and the UK should earnestly respect China’s core interests and abide by the one-China policy.
Cleverly said a positive UK-China relationship will benefit both peoples and the world. The British government’s position on the Taiwan question remains unchanged. The British government adheres to the one-China policy.
Photo 1, 2: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with James Cleverly, the Secretary of State for Foreign, Commonwealth and Development Affairs of the United Kingdom, in Beijing, capital of China, Aug. 30, 2023. (Xinhua/Yue Yuewei)