Connect with us

China

တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု တုံ့ပြန်ရေး အရေးပေါ်အခြေအနေ အဆင့် ၄ ထုတ်ပြန်ထား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးမြို့ရှိ မြို့ပြဧရိယာများတွင် လမ်းပေါ်လျှံနေသောရေများ စီးဆင်းစေရန် ဆောင်ရွက်နေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသ ၆ ခုတွင် ရေအရင်းအမြစ်ဝန်ကြီးဌာနက ရေကြီးရေလျှံမှု တုံ့ပြန်သည့်အနေဖြင့် အရေးပေါ်အခြေအနေ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အခြေအနေကို ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွမ်တုန်း၊ ကွမ်ရှီးနှင့် ဟိုင်နန် စသည့်နေရာများတွင် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ရေဘေးကာကွယ်ရေး၌ ကူညီဆောင်ရွက်ရန် ဖူကျန့်နှင့် ကွမ်တုန်းသို့ အလုပ်အဖွဲ့ နှစ်ဖွဲ့ကို ဝန်ကြီးဌာနက စေလွှတ်ထားသည်။

ယခုနှစ်၏ ၉ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော Saola မုန်တိုင်းကြောင့် တောင်ပိုင်းဒေသများ၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။ ပုလဲမြစ်ဝှမ်း၊ ယန်ဇီမြစ်ဝှမ်းနှင့် ထိုက်ဟူရေကန်မြစ်ဝှမ်းရှိ မြစ်အချို့၏ မြစ်ရေလယ်ဗယ်များမှာ ရေကြီးရေလျှံမှုအန္တရာယ်ရှိကြောင်း သိရသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်းတွင် ကွမ်တုန်းပြည်နယ် အရှေ့ပိုင်းမှ ဖူကျန့်ပြည်နယ် တောင်ပိုင်းသို့လည်းကောင်း၊ သို့မဟုတ် ကွမ်တုန်း အရှေ့ဘက်ကမ်းရိုးတန်းမှ အနောက်တောင်ဘက်သို့လည်းကောင်း ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသစင်တာက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China activates level-IV emergency response to flooding in southern areas

BEIJING, Aug. 30 (Xinhua) — The Ministry of Water Resources on Wednesday activated a level-IV emergency response to flooding in six provincial-level regions in southern China.
The response was issued for Fujian, Jiangxi, Hunan, Guangdong, Guangxi and Hainan, said the ministry. It also sent two working groups to Fujian and Guangdong to assist flood prevention.
Typhoon Saola, the ninth Typhoon this year, is expected to bring heavy downpours to vast southern areas from Thursday to Saturday, said the ministry. Water levels of some rivers in the Pearl River basin, the Yangtze River basin and Taihu Lake basin will rise with risks of flooding.
The National Meteorological Center said the typhoon is likely to make landfall somewhere on the coast within an area stretching from eastern Guangdong to southern Fujian during daytime on Friday, or it may move southwestward from the east coast of Guangdong.
Photo: Workers attempt to drain flood water in urban areas of Qinzhou, south China’s Guangxi Zhuang Autonomous Region, on July 18, 2023.(Xinhua/Zhang Ailin)