Connect with us

Europe

ယူကရိန်းက ရုရှား၏ ပင်လယ်နက်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း ရုရှားပြော

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့တွင် ရုရှားရေတပ်နေ့ကျင်းပရန် စစ်ရေးပြအခမ်းအနားအတွင်း ရုရှားရေတပ်သင်္ဘောများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ယူကရိန်းမောင်းသူမဲ့လှေများက အဓိကပင်လယ်နက်ဆိပ်ကမ်းဖြစ်သော Novorossiysk မြို့ရှိ ရုရှားရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ရုရှားသင်္ဘောများက ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့က Novorossiysk ရေတပ်အခြေစိုက်စခန်းကို မောင်းသူမဲ့လှေနှစ်စင်းနဲ့တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုတိုက်ခိုက်မှုအတွင်းမှာ မောင်းသူမဲ့လှေတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး ရုရှားသင်္ဘောတွေရဲ့ စံချိန်မီလက်နက်တွေကနေ ပစ်ခတ် ဖျက်ဆီးခဲ့တယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။

Novorossiysk ရေတပ်စခန်းတွင် လောင်စာဆီတင်သင်္ဘောတွေပေါ် ရေနံတွေတင်ဆောင်လျက်ရှိသော Caspian Pipeline Consortium ကုမ္ပဏီအဆိုအရ ထိုတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းမရှိကြောင်းနှင့် ရေနံများကို ပုံမှန်အတိုင်း ဆက်လက်တင်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ယင်းကုမ္ပဏီတွင် Novorossiysk မြို့ရှိ ပင်လယ်ဆိပ်ကမ်းနှင့် ကာဇက်စတန်နိုင်ငံကို ချိတ်ဆက်ထားသော ပိုက်လိုင်းစနစ်ရှိပြီး ရေနံများကို ကမ္ဘာ့ဈေးကွက်သို့ သင်္ဘောဖြင့်တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Russia says Ukraine attempted to attack Russia’s Black Sea base
MOSCOW, Aug. 4 (Xinhua) — The Russian Defense Ministry said Friday that two Ukrainian unmanned boats attempted to attack the Russian naval base in Novorossiysk, a major Black Sea port, but were destroyed by Russian ships.
“, the Ukrainian armed forces attempted to attack the Novorossiysk naval base with two unmanned sea boats. During the repulsion of the attack, the unmanned boats were visually detected and destroyed by fire from the standard weapons of the Russian ships,” the ministry said.
The Caspian Pipeline Consortium, which loads oil onto tankers in Novorossiysk, said its infrastructure was not damaged by the attack and the oil loading is going on as usual.
The consortium has a pipeline system that connects Kazakhstan with a seaport in Novorossiysk, where oil is loaded onto tankers for shipment to world markets.
Photo: Russian navy ships sail during a military parade to celebrate Russian Navy Day in St. Petersburg, Russia, July 26, 2020. (Photo by Irina Motina/Xinhua)