Connect with us

China

တရုတ်၊ အီးယူ ဆက်ဆံရေးမြှင့်တင်ရန် အဖွဲ့အစည်းဆိုင်ရာဆွေးနွေးမှုများ ပိုမိုဆောင်ရွက်သွားမည်

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာ) နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒရေးရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် တရုတ်-အီးယူ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်းသို့ ခိုင်မာသော တွန်းအားသစ်များ ဖြည့်တင်းရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၆ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သော ဝမ်က ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒရေးရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် မကြာသေးမီက ရေကြီးရေလျှံမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ခံစားခဲ့ရဖြင့် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အီးယူအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကောင်းမွန်သောဆက်ဆံရေး တိုးတက်မှုရှိစေရန် အခိုင်အမာကတိပြုကြောင်း Borrell က ပြောခဲ့သည်။

အီးယူ၏ ကမ္ဘာ့တံခါးပေါက်မဟာဗျူဟာနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တို့သည် တစ်ခုနှင့်တစ်ခု ပြိုင်ဘက်မဟုတ်သော လိုက်ဖက်ညီမှုများဖြစ်ကြောင်း၊ နှစ်ဘက်လုံးက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက် ဝမ်က လက်ရှိတွင် တရုတ်-အီးယူအဆင့်မြှင့်ဖလှယ်မှုများသည် ကောင်းမွန်သောအရှိန်အဟုန်ကို ထိန်းထားလျက်ရှိကြောင်း၊ မိတ်ဖက်ဆက်ဆံရေးက တရုတ်-အီးယူ ဆက်ဆံရေး၏ အရေးပါဆုံးသွင်ပြင်ဖြစ်သည်ကို နှစ်ဘက်လုံးက ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီးယူ ဆက်ဆံရေး မြှင့်တင်ရာတွင် အစဉ်အမြဲအပြုသဘောဆောင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် ကျင်းပရန် လျာထားသော တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးကို အထူးအလေးထားကြောင်းနှင့် ယင်းအစည်းအဝေးက တရုတ်-အီးယူ ဆက်ဆံရေးနှင့် နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွင် ဗျူဟာမြောက်ဦးဆောင်အခန်းကဏ္ဍ၌ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………………
(English Version)
China, EU should conduct more institutional dialogues to promote bilateral ties: Chinese FM

BEIJING, Aug. 6 (Xinhua) — China and the European Union (EU) should conduct more institutional dialogues to inject new and strong impetus into the China-EU comprehensive strategic partnership, Chinese Foreign Minister Wang Yi said here on Sunday.
Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks during a phone conversation with High Representative of the EU for Foreign Affairs and Security Policy Josep Borrell.
For his part, Borrell expressed his deep condolences for the recent torrential rains and floods in China, and emphasized that the EU is firmly committed to developing good relations with China.
The EU’s Global Gateway strategy and the Belt and Road Initiative are no rivalries but complementary to each other, as both are aimed at promoting global development, he added.
Wang said that at present, China-EU high-level exchanges have maintained a good momentum, and both sides believe that partnership is the most important feature of China-EU relations.
China has always taken a positive attitude in promoting China-EU relations, he noted, adding China attaches great importance to the China-EU leaders’ meeting scheduled for this year and expects it to play a strategic leading role in China-EU relations and bilateral cooperation.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (R) meets with European Union (EU) High Representative for Foreign Affairs and Security Policy Josep Borrell in Jakarta, Indonesia, July 14, 2023. (Xinhua/Xu Qin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.