Connect with us

China

တရုတ်နိုင်ငံ ချုံချင့်တိရစ္ဆာန်ဥယျာဉ်က တစ်လပြည့် ပန်ဒါဝက်ဝံလေး

ပန်ဒါဝက်ဝံလေးအား ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ချုံချင့် တိရစ္ဆာန်ဥယျာဉ်)

ချုံချင့်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့် တိရစ္ဆာန်ဥယျာဉ်ရှိ ပန်ဒါဝက်ဝံမကြီး “မောင်းကျိုင်”က ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက် ၁၄ နာရီ ၁၂ မိနစ်တွင် ပန်ဒါဝက်ဝံအထီးလေးတစ်ကောင် မွေးဖွားခဲ့ကြောင်း ချုံချင့် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။ ၎င်းသည် ပန်ဒါဝက်ဝံမကြီး “မောင်းကျိုင်”၏ တတိယအကြိမ်မြောက် သားပေါက်ခြင်း ဖြစ်သည်။

ပန်ဒါဝက်ဝံလေးအား ၂၀၂၃ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ – ချုံချင့် တိရစ္ဆာန် ဥယျာဉ်)

ဩဂုတ် ၆ ရက်သည် ထိုပန်ဒါဝက်ဝံလေး၏ တစ်လပြည့်နေ့ဖြစ်ရာ ၎င်း၏အခြေအနေကို ချုံချင့် တိရစ္ဆာန်ဥယျာဉ်က ပထမဆုံး မိတ်ဆက်ပြောကြားခဲ့သည်။

ယခုနှစ် မတ်လတွင် ပန်ဒါဝက်ဝံမကြီး “မောင်းကျိုင်”သည် တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီးမျိုး သုတေသနစင်တာတွင် ပန်ဒါဝက်ဝံကြီး “ကျင်းခဲ”နှင့် သဘာဝအတိုင်း မိတ်လိုက်၍ ယခုနှစ် ဇူလိုင် ၆ ရက်တွင် ကိုယ်အလေးချိန် ၁၉၁ ဂရမ်ရှိ ပန်ဒါဝက်ဝံသားပေါက်လေး မွေးဖွားခဲ့ကြောင်း သိရသည်။ ၎င်းမှာ ချုံချင့် တိရစ္ဆာန်ဥယျာဉ်၌ မွေးဖွားခဲ့သော ကိုယ်အလေးချိန်အများဆုံး ပန်ဒါဝက်ဝံလေးဖြစ်သည်။

ယင်းပန်ဒါဝက်ဝံလေး မွေးဖွားပြီးနောက် ပန်ဒါဝက်ဝံမကြီး“မောင်းကျိုင်”က သားဖွားခန်းတွင် နို့တိုက်ကျွေးခဲ့သလို တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းများကလည်း ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း၊ ယခုအခါ ပန်ဒါဝက်ဝံလေး၏ကိုယ်အလေးချိန်မှာ ၁၄၃၉ ဂရမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်သည် ပန်ဒါဝက်ဝံမကြီး “မောင်းကျိုင်”၏ တတိယအကြိမ်မြောက် ကလေးမွေးဖွားခြင်း ဖြစ်သည်။ ပထမအကြိမ်က ၂၀၁၉ ခုနှစ်တွင် ပန်ဒါဝက်ဝံ အမြွှာညီမအစ်မ “ရှီရှီ”နှင့် “ချင့်ချင့်”ကိုလည်းကောင်း၊ ဒုတိယအကြိမ်က ၂၀၂၁ ခုနှစ်တွင် ပန်ဒါဝက်ဝံ အမြွှာညီအစ်ကို “ရှင်းရှင်း”နှင့် “ချန်ချန်”ကိုလည်းကောင်း မွေးဖွားခဲ့ဖူးကြောင်း သိရသည်။

ပန်ဒါဝက်ဝံကြီးမျိုးကို ချုံချင့် တိရစ္ဆာန်ဥယျာဉ်တွင် ၁၉၆၀ ခုနှစ်များမှစ၍ မွေးမြူခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ခုနှစ်များတွင် ပန်ဒါဝက်ဝံများ မျိုးပွားလာခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ် ၆ ရက်အထိ ချုံချင့် တိရစ္ဆာန်ဥယျာဉ်တွင် မွေးဖွားခဲ့သော ပန်ဒါဝက်ဝံ အရေအတွက်မှာ ၃၁ ကောင်ရှိပြီး လက်ရှိ ပန်ဒါဝက်ဝံကြီး ၂၂ ကောင် ရှိကြောင်း သိရသည်။ (Xinhua)
……………………………..
(Chinese Version)
重庆动物园:新生大熊猫宝宝满月啦!
新华社重庆8月6日电(记者周文冲)记者6日从重庆动物园获悉,2023年7月6日14时12分,重庆动物园大熊猫“莽仔”顺利产下一只雄性宝宝。这是“莽仔”第三次成功产仔。
8月6日,这只新生的大熊猫宝宝满月,重庆动物园首次对外公布了此次产仔情况。今年3月,大熊猫“莽仔”在中国大熊猫保护研究中心与大熊猫“津柯”完成自然交配。今年7月6日,“莽仔”的宝宝出生,初生体重191克,是在重庆动物园出生的最重的大熊猫个体。
大熊猫宝宝出生以来,一直由“莽仔”在产房哺育,工作人员在前期进行了适当人工辅助。目前,“莽仔”奶水充足,宝宝体重增长较快,现体重已达1439克。
此次是大熊猫“莽仔”第三次成功产下宝宝。第一次在2019年,成功产下双胞胎姐妹“喜喜”“庆庆”;第二次在2021年,成功产下双胞胎兄弟“星星”“辰辰”。
重庆动物园于上世纪60年代开始饲养大熊猫,80年代开始繁育大熊猫幼仔。截至2023年8月6日,重庆动物园大熊猫共产下31胎,现共有大熊猫22只。
1. 这是7月6日拍摄的大熊猫幼仔。(重庆动物园供图)
2. 这是8月5日拍摄的大熊猫幼仔。(重庆动物园供图)