Connect with us

Asia

အာဆီယံဗဟိုပြုမှု၊ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ကမ္ဘောဒီးယားနိုင်ငံက အာဆီယံနေ့တွင် အလေးထားပြောကြား

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့တွင် ၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးကျင်းပသောနေရာကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Organizing Committee of the ASEAN Summit 2023/Handout via Xinhua)

ဖနွမ်းပင်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဖွဲ့စည်းတည်ထောင်ခြင်း ၅၆ နှစ်မြောက် အထိမ်းအမှတ်ကျင်းပခဲ့ပြီး အာဆီယံဗဟိုပြုမှုနှင့် အဓိကကျသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။
အဆိုပါ ဆယ်စုနှစ်များအတွင်း အာဆီယံအနေဖြင့် ငြိမ်းချမ်းသော၊ လုံခြုံသော၊ တည်ငြိမ်သော၊ ဖွံ့ဖြိုးတိုးတက်မှုရှိသော ဒေသတစ်ခု တည်ဆောက်ရေးခရီးတွင် စိန်ခေါ်မှုမြောက်မြားစွာ ကိုင်တွယ်ဖြေရှင်းရန် အတူတကွ ရပ်တည်ခဲ့ကြကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhonn) က ပြောခဲ့သည်။
“အဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံက ရှည်ကြာပြီး ရှုပ်ထွေးလှတဲ့ခရီးကိုချီတက်ရပါဦးမယ်။ အထူးသဖြင့် ကမ္ဘာကြီးက ပြင်းထန်တဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုများကို ဖြတ်သန်းနေရတဲ့အတွက်ကြောင့်ပါပဲ” ဟု အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အာဆီယံ အသိုက်အဝန်းသည် ပြည်သူကိုရှေးရှု၍ ပြည်သူကိုဗဟိုပြုခြင်းကို စစ်မှန်စွာဖော်ဆောင်ခြင်းဖြစ်ရာ မည်သည့်နိုင်ငံကိုမှ နောက်တွင်ချန်ရစ်ထားမည်မဟုတ်ကြောင်း ဆော့ခွန်းက ဆိုသည်။
“ကျွန်တော်တို့ ရည်ရွယ်ထားတာက အာဆီယံဟာ ကြံ့ကြံ့ခံသော၊ ခိုင်မာသော၊ လိုက်လျောညီထွေရှိသော၊ အားလုံးပါဝင်သော၊ ရေရှည်တည်တံ့ပြီး ကြွယ်ဝပြည့်စုံသော ဒေသအဖွဲ့အစည်းတစ်ခုဖြစ်ရေးပါပဲ” ဟု ဆော့ခွန်းက ပြောခဲ့သည်။
၁၉၆၇ ခုနှစ် ဩဂုတ် ၈ ရက်က တည်ထောင်ခဲ့သော အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများပါဝင်သည်။ (Xinhua)
………………………………
(English Version)
Cambodia stresses imperative of maintaining ASEAN’s centrality, unity on ASEAN Day
PHNOM PENH, Aug. 8 (Xinhua) — Cambodia celebrated the 56th anniversary of the Association of Southeast Asian Nations (ASEAN), stressing once again the imperative of maintaining the bloc’s centrality and unity to deal with key challenges.
Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn said over these past decades, ASEAN has stood together to tackle a myriad of challenges in its journey to build a region with peace, security, stability and development.
“As an institution, ASEAN will have a long and complex journey ahead, particularly as the world is going through these intense geo-political rivalries,” he said in a speech at an event marking the ASEAN Day.
Sokhonn said ASEAN community is truly people-oriented and people-centered, leaving no one behind.
“What we aim now is to make ASEAN, a regional organization that is resilient, robust, adaptive, inclusive, sustainable, and prosperous,” Sokhonn said.
Founded on Aug. 8, 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
Photo: This photo taken on May 10, 2023 shows the venue for the 42nd Association of Southeast Asian Nations (ASEAN) Summit in the town of Labuan Bajo in Indonesia. (Organizing Committee of the ASEAN Summit 2023/Handout via Xinhua)