Connect with us

Media

သမ္မတ ရှီကျင့်ဖိန်က ပေကျင်း၊ ဟဲပေ ရေကြီးရေလျှံမှုကို တားဆီးကာကွယ်ရေးတွင် ဦးဆောင်လျက်ရှိ

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇူလိုင် ၂၉ ရက် ည ၈ နာရီမှ ဩဂုတ် ၂ ရက် နံနက် ၇ နာရီအထိ မိုးရွာသွန်းမှုစံချိန်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပေကျင်းမြို့ရှိ ခရိုင်များစွာနှင့် တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်ရှိ နေရာများစွာတွင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ အရေးကြီးသောအချိန်ကာလများတွင် ရှီသည် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့်အတူ ပြည်သူသာ ပထမဟူသော ခိုင်မာသည့် ပင်မရပ်တည်ချက်ဖြင့် ရေဘေးဒဏ်ခံစားနေရသူများအားလုံးအတွက် ခိုင်မာတောင့်တင်းသော ပံ့ပိုးမှုများပေးအပ်ခဲ့သည်။
ထို့ပြင် ရှီက ရေဘေးကြောင့် ပျောက်ဆုံးနေသူများ သို့မဟုတ် ပိတ်မိနေသူများကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။

ဒေသအသီးသီးနှင့် ဆက်စပ်ဌာနအသီးသီးအနေဖြင့်လည်း ရေဘေးအန္တရာယ် စောင့်ကြည့်ခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနှင့် အစောပိုင်းသတိပေးချက်ထုတ်ပြန်ဆောင်ရွက်မှုများ အားကောင်းရေးနှင့် စစ်ဆေးရေးဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် လုပ်ဆောင်ကြရန် ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)
………………………………
(English Version)
Xi leads way in combating Beijing, Hebei floods

BEIJING, Aug. 7 (Xinhua) — From 8 p.m. on July 29 to 7 a.m. on Aug. 2, Beijing recorded its heaviest rainfall since records began 140 years ago.
The heavy overall rains in the Beijing-Tianjin-Hebei region caused anomalous floods in several districts of Beijing and several localities in north China’s Hebei Province in the past few days.
At urgent times, the Communist Party of China (CPC) Central Committee with Xi Jinping at the core kept standing firm in putting the people first and once again provided powerful backing for all those affected.
Xi demanded all-out search and rescue efforts to find people missing or trapped in floods.
Xi emphasized that all regions and relevant departments must strengthen monitoring, forecasting and early warning efforts and enhance inspection measures.