Connect with us

Europe

ယူကရိန်းက ပြည်တွင်းဖြစ်ကင်းထောက်ဒရုန်း စမ်းသပ်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ ရှေ့တန်းကာကွယ်ရေးနေရာ၌ ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်ဆေးနေသော သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးအား ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ကိဗ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံက တိုက်ခိုက်ရေးဇုန်အတွင်း ပြည်တွင်းထုတ် ကင်းထောက်ဒရုန်းသစ်ကို စမ်းသပ်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပင်မထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၈ ရက်တွင် တယ်လီဂရမ်ပေါ်၌ ရေးသားထားသည်။
SpyGun ဟု အမည်ပေးထားသော အဆိုပါ ဒရုန်းသည် မိနစ် ၁၂၀ မှ ၁၆၀ အထိ ပျံသန်းနိုင်ပြီး အများဆုံး အမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ၉၀ ကီလိုမီတာရှိကြောင်း သိရသည်။
ကီလိုမီတာ ၅၀ အကွာအဝေးနှင့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၅၀၀ အထိ ပျံသန်းနိုင်သော ဒရုန်းတွင် ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရန် ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ဒရုန်းလွှတ်တင်သောနေရာသို့ အလိုအလျောက် ပြန်လည်ပျံသန်းလာနိုင်သော စနစ်တပ်ဆင်ထားသည်။ (Xinhua)
………………………………
(English Version)
Ukraine tests homemade reconnaissance drone

KIEV, Aug. 8 (Xinhua) — Ukraine has launched the testing of its new domestically-made reconnaissance drone in the combat zone, the main intelligence directorate of the Ukrainian Defense Ministry said Tuesday in a post on Telegram.
The drone, named SpyGun, has a flight endurance of 120-160 minutes and a maximum speed of 90 km per hour.
With a flying range of 50 km and an altitude limit of 1,500 meters, the drone is equipped with two cameras for photo and video and a system of automatic return to the take-off point.
Photo: Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. (Ukrainian Presidential Office/Handout via Xinhua)