Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံသမ္မတက ပြန်လည်ရွေးကောက်ခြင်းခံရပြီးနောက် အစိုးရအဖွဲ့သစ်အား ကြေညာ

ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရီမြို့၌ ဇင်ဘာဘွေနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသူ Emmerson Mnangagwa က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေမှုအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံသမ္မတ Emmerson Mnangagwa သည် ပြီးခဲ့သည့်လတွင် ဒုတိယအကြိမ် ပြန်လည်အရွေးခံရပြီးနောက် အဖွဲ့ဝင် ၂၆ ဦးပါသော အစိုးရအဖွဲ့သစ်ကို စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့သည်။
သမ္မတသည် အစိုးရဝန်ကြီးအများအပြားကို ပြန်လည်ခန့်အပ်ခဲ့ပြီး ၎င်းတို့အနက် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဝန်ကြီး Mthuli Ncube၊ နိုင်ငံခြားရေးဝန်ကြီး Frederick Shava၊ တရားရေး၊ ဥပဒေရေးရာနှင့် လွှတ်တော်ရေးရာဝန်ကြီး Ziyambi Ziyambi၊ မြေယာနှင့် စိုက်ပျိုးရေးဝန်ကြီး Anxious Masuka၊ ကာကွယ်ရေးဝန်ကြီး Oppah Muchinguri Kashiri တို့ပါဝင်ကြောင်း သိရသည်။
အပြောင်းအလဲအချို့တွင် စွမ်းအင်ဝန်ကြီးဟောင်း Soda Zhemu ကို သတ္တုတွင်းဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့သည်။
Mnangagwa သည် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု၊ ငွေတန်ဖိုးကျဆင်းမှု အလုပ်လက်မဲ့မြင့်မားခြင်းတို့ကြောင့် ကျဆင်းနေသောစီးပွားရေးကို ပြန်လည်တည်ဆောက်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)
…………………………………….
(English Version)
Zimbabwean president announces new cabinet after re-election
HARARE, Sept. 11 (Xinhua) — Zimbabwean President Emmerson Mnangagwa on Monday announced the new 26-member cabinet following his re-election for a second term last month.
The president retained several government ministers in their portfolios, among them Finance and Investment Promotion Minister Mthuli Ncube; Foreign Affairs Minister Frederick Shava; Justice, Legal and Parliamentary Affairs Minister Ziyambi Ziyambi; Lands and Agriculture Minister Anxious Masuka; and Defense Minister Oppah Muchinguri Kashiri.
Among some changes, former energy minister Soda Zhemu was appointed the new mines minister.
Mnangagwa faces the challenge of rebuilding an ailing economy hit by hyperinflation, a currency slump and high unemployment. Enditem
Photo: Zimbabwean president-elect Emmerson Mnangagwa reviews the guard of honour during his inauguration ceremony in Harare, Zimbabwe, Sept. 4, 2023. (Photo by Shaun Jusa/Xinhua)