Connect with us

Media

တရုတ်နိုင်ငံထုတ် C919 လေယာဉ် အော်ဒါမှာယူမှု အစင်းရေ ၁,၀၀၀ ကျော် လက်ခံရရှိ

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟှာ)

တရုတ်နိုင်ငံထုတ် C919 လေယာဉ် အော်ဒါမှာယူမှု အရေအတွက်မှာ အစင်းရေ ၁,၀၆၁ စင်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ် စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဟဲတုန်းဖုန်းက စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော ၁၆ ကြိမ်မြောက် ဖူကျန်း တီထွင်ဆန်းသစ်မှုဖိုရမ်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကဏ္ဍသည် ကနဦးက ဒေသတွင်း၊ ခရီးတို၊ ခရီးလတ်ပျံသန်းသော ကိုယ်ထည်ကျဉ်းလေယာဉ်များမှ ခရီးဝေးပျံသန်းသော ကိုယ်ထည်ကျယ်လေယာဉ်များအထိ ထုတ်လုပ်ခဲ့ကြောင်း C919 နှင့် ARJ21 လေယာဉ်များထုတ်လုပ်သူ၏ အဆိုအရ သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဝယ်ယူသူများအတွက် အရောင်းဖွင့်ခဲ့သော C919 လေယာဉ်ကို ၂၀၂၃ ခုနှစ် မေလတွင် စီးပွားဖြစ်လည်ပတ်ပြေးဆွဲရန် China Eastern Airlines ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုလေကြောင်းလိုင်း၏ ပြေးဆွဲမှုဖြင့် ထိုလေယာဉ်နှစ်စင်းမှာ ရှန်ဟိုင်းမြို့နှင့် ချိန်တူးမြို့ကြား လမ်းကြောင်း၌ လည်ပတ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Chinese aircraft maker receives over 1,000 C919 jet orders

SHANGHAI, Sept. 10 (Xinhua) — The order quantity for China’s homegrown C919 jet has reached 1,061, said He Dongfeng, board chairman of the Commercial Aircraft Corporation of China, Ltd. (COMAC), at Sunday’s 16th Pujiang Innovation Forum.
According to the aircraft maker, which developed the C919 and ARJ21 jetliners, China’s domestically-produced passenger aircraft sector has initially formed a product lineup ranging from regional aircraft, short- to medium-haul narrow-body aircraft, to long-haul wide-body aircraft.
In December 2022, the inaugural customer of C919, China Eastern Airlines, received deliveries, with commercial operations beginning in May 2023.
Two aircraft are actively serving on the air route between Shanghai and Chengdu operated by the airlines.