Connect with us

Europe

ရုရှားနိုင်ငံ ဗော့စ်တော့ချနီ အာကာသယာဉ်လွှတ်တင်ရေးစခန်းတွင် ပူတင်နှင့် ကင်ဂျုံအန်း တွေ့ဆုံ

မော်စကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ရုရှားအရှေ့ဖျား Amur ဒေသရှိ ဗော့စ်တော့ချနီ အာကာသယာဉ်လွှတ်တင်ရေးစခန်းတွင် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Sputnik သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးတို့သည် ထိုသို့တွေ့ဆုံခြင်း အခမ်းအနား၌ အချိန်အနည်းငယ်ဆွေးနွေးခဲ့ကြကြောင်း Sputnik က ဖော်ပြခဲ့သည်။

အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ ကင် ရောက်ရှိပြီးနောက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးက အာကာသယာဉ်လွှတ်တင်ရေးစခန်းအား ကြည့်ရှုစစ်ဆေးကြမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Putin, Kim Jong Un meet at Russia’s Vostochny spaceport
MOSCOW, Sept. 13 (Xinhua) — Russian President Vladimir Putin met Kim Jong Un, top leader of the Democratic People’s Republic of Korea, on Wednesday at the Vostochny spaceport in the Amur region in Russia’s Far East, reported Russia’s Sputnik news agency.
The two leaders had a brief talk during the meeting ceremony, the Sputnik said.
The meeting came upon Kim’s arrival at the spaceport, which the two leaders will inspect. They will later hold bilateral talks.