Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံတွင် ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ပျောက်ဆုံးနေသူ ၁၀,၀၀၀ ကျော် ရှိနိုင်

လစ်ဗျားနိုင်ငံ Derna မြို့၏ ကပ်ဘေးဒဏ်သင့် မြင်ကွင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတစ်ဝန်းတွင် ဟာရီကိန်းမုန်တိုင်း “Daniel”၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားမှု ဘေးအန္တရာယ်အတွင်း ပျောက်ဆုံးနေသူ ၁၀,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အရာရှိ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“လက်ရှိ ပျောက်ဆုံးနေသူ အနည်းဆုံး ၁၀,၀၀၀ ကျော် ရှိနိုင်တယ်လို့ ကျွန်တော်တို့ရဲ့ သီးခြားသတင်းအရင်းအမြစ်တွေကတစ်ဆင့် အတည်ပြုလို့ရပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အရာရှိ Tamer Ramadan က ဆိုသည်။

ရေကြီးမှုကြောင့် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသ Derna မြို့ရှိ ဆည်ရေ ကျိုးပေါက်မှုကြောင့် မြို့ဧရိယာ၏ လေးပုံတစ်ပုံခန့် ရေနစ်မြုပ်ခဲ့ကြောင်း လစ်ဗျားအမျိုးသားတပ်မတော် (LNA) ၏ ပြောကြားချက်များအရ သိရသည်။ ယင်းဒေသတွင် သေဆုံးသူ ရုပ်အလောင်း အနည်းဆုံး ၁,၀၀၀ တွေ့ရှိခဲ့ရကြောင်းနှင့် လက်တွေ့တွင် သေဆုံးသူအရေအတွက် ထို့ထက်ပို၍များနိုင်ကြောင်း သိရသည်။

“Daniel” မုန်တိုင်းကြောင့် Derna မြို့တွင် သေဆုံးသူ ၂,၃၀၀ ခန့်နှင့် ပျောက်ဆုံးနေသူ ၅,၀၀၀ ခန့် ရှိကြောင်း လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဌာနက လူမှုကွန်ရက် စာမျက်နှာ၌ စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော် Derna မြို့က ပြန်လာတာ။ အဲဒီမှာ ကပ်ဆိုးကြီးဆိုက်တာပါပဲ။ ပင်လယ်ကမ်းခြေ၊ လျှိုမြောင်ကြားနဲ့ နေအိမ်တွေမှာ လူသေအလောင်းတွေက နေရာအနှံ့ပါပဲ။ အဆောက်အဦ အများအပြား ပြိုကျပျက်စီးသွားတယ်” ဟု လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသ အရေးပေါ်ရေးရာ တာဝန်ခံအရာရှိ တစ်ဦးက ဆိုသည်။

လစ်ဗျားနိုင်ငံသည် အာဖရိကတိုက် မြောက်ပိုင်း၊ မြေထဲပင်လယ်အနီးတွင် တည်ရှိရာ ၂၀၁၁ ခုနှစ်တွင် ကဒါဖီအစိုးရ ဖြုတ်ချခံရပြီးနောက် တိုင်းပြည်အခြေအနေ ကမောက်ကမ ဖြစ်ခဲ့သည်။ ကုလသမဂ္ဂအသိအမှတ်ပြုမှုကို ရရှိထားသည့် လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်းအား ထောက်ခံသည့် လက်နက်ကိုင် အင်အားစုများက လစ်ဗျားနိုင်ငံ အနောက်ပိုင်းဒေသ အချို့ကို ထိန်းချုပ်ထားပြီး အမျိုးသား လွှတ်တော် (HoR) ကမူ လစ်ဗျားအမျိုးသားတပ်မတော် (LNA) နှင့်အတူ အရှေ့ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသများကို အဓိက ထိန်းချုပ်ထားသည်။ (Xinhua)

………………………………..
(Chinese Version)

利比亚洪灾失踪人数恐过万
新华社北京9月13日电 红十字会与红新月会国际联合会官员12日说,受飓风“丹尼尔”影响,利比亚全国估计有超过1万人在洪水灾害中失踪。
红十字会与红新月会国际联合会官员塔梅尔•拉马丹说:“我们可以从独立消息源证实,目前已有至少1万人失踪。”
按照利比亚东部武装“国民军”说法,洪水致东部德尔纳市大坝决堤,当地近四分之一区域被淹没。该地区已发现至少1000具遇难者遗体,实际死亡人数可能更多。
利比亚民族团结政府卫生部12日在社交媒体上说,飓风“丹尼尔”已在德尔纳市造成约2300人死亡,另有约5000人失踪。
利比亚东部负责紧急事务的一名官员说:“我从德尔纳回来,那是一场灾难。海边、山谷、房屋下,到处都是尸体,许多建筑物垮塌了。”
利比亚位于非洲北部,濒临地中海,自2011年卡扎菲政权被推翻后陷入动荡。得到联合国承认的民族团结政府与支持该政府的武装力量,控制利比亚西部部分地区。利比亚国民代表大会则与“国民军”结盟,主要控制东部和中部地区。
1. 这是9月12日在利比亚德尔纳市拍摄的受灾景象。