Connect with us

China

RCEP က ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းစီးပွားရေး အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ပေးမည်

ထိုင်း-တရုတ် ရယောင်းစက်မှုဇုန်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ပုံဖော်မည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းစီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတကာ တောင်တက်ခြင်းခရီးသွားလုပ်ငန်းအဖွဲ့နှင့် တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ (CASS) က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

RCEP တွင် အရှေ့တောင်အာရှိနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့် ၁၅ နိုင်ငံပါဝင်သည်။ အဖွဲ့ဝင်နိုင်ငံများကြား ကုန်စည်ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းကျော်ကို အခွန်စည်းကြပ်မှု ဖြည်းဖြည်းချင်းလျှော့ချရန် ရည်ရွယ်လျက် RCEP သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာခဲ့သည်။
ပွင့်လင်း၍ ခိုင်မာသော နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးသည် ဒေသတွင်းဈေးကွက် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများ မြှင့်တင်ခြင်းကို အထောက်အကူပြုမည်ဖြစ်သလို နိုင်ငံအသီးသီးရှိ ခရီးသွားလုပ်ငန်း လိုအပ်ချက်နှင့် တောင်းဆိုမှုကြား ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း CASS ခရီးသွားလုပ်ငန်း သုတေသနစင်တာ အထွေထွေအတွင်းရေးမှူး ကျင်းကျွန်းက ပြောခဲ့သည်။

RCEP အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ကြား ခရီးသွားဧည့်သည်များ၏ အဓိကအရင်းအမြစ်များဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအတွက် ဒေသတွင်း ခရီးသွားအရင်းအမြစ် ၁၀ ခုအနက် ၈ ခုမှာ RCEP နိုင်ငံများဖြစ်ကြောင်း သိရသည်။

ထို့ပြင် RCEP အဖွဲ့ဝင်နိုင်ငံများရှိ တောတောင်ထူထပ်သောဧရိယာများမှာ ကုန်းမြေဧရိယာအားလုံး၏ ထက်ဝက်ကျော်ရှိပြီး အဓိကကျသော ခရီးသွားနေရာများရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ အဆိုပါနိုင်ငံများသည် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာ ၄၆ ခု ရှိပြီး တောင်တက်ခြင်း ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ကြီးမားကျယ်ပြန့်သောနေရာ ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)

………………………………
(English Version)
RCEP to promote construction of world’s largest tourism economic community: report
GUIYANG, Sept. 17 (Xinhua) — The Regional Comprehensive Economic Partnership (RCEP) free trade agreement will reshape the global tourism development pattern and help build the world’s largest tourism economic community, according to a report released by the International Mountain Tourism Alliance and the Chinese Academy of Social Sciences (CASS) on Saturday.
The RCEP has 15 members: the 10 Association of Southeast Asian Nations (ASEAN) member states, plus China, Japan, the Republic of Korea (ROK), Australia and New Zealand. The RCEP agreement was signed in November 2020 and entered into force on Jan. 1, 2022, with the aim of gradually eliminating tariffs on over 90 percent of goods traded among its members.
According to Jin Zhun, secretary general of the CASS tourism research center, open and sound international economic and trade relations will help optimize the regional market environment, boost economic and cultural exchanges, and link the tourism supply and demand in different countries.
RCEP countries are major sources of tourists between themselves, the report said. For example, eight of the top 10 inbound tourist sources for Myanmar and the ROK are RCEP countries.
The report noted that in RCEP countries, mountainous areas account for more than half of all land areas and constitute core tourism spaces. These countries boast 46 mountainous UNESCO World Heritage Sites and provide huge space for the development of mountain tourism.
Photo: Aerial photo taken on Dec. 29, 2021 shows the Thai-Chinese Rayong Industrial Zone. (Xinhua/Wang Teng)