Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားနေသည်ကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးနေသည်ကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh ၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတ Ma’ruf Amin ၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Phumtham Wechayachai ၊ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် တရုတ်၊ အာဆီယံ စသည့် နိုင်ငံနှင့် ဒေသများမှ ကုန်သည်စက်မှုလုပ်ငန်း ကိုယ်စားလှယ်များ စသည့် လူပေါင်း ၁,၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပသည့် နှစ်ပေါင်း ၂၀ ကာလသည် နှစ်ဖက်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှု၏ သက်သေဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့သည် စည်းလုံးညီညွတ်စွာ ကိုယ်ပိုင်တိုးတက်မှုရှိအောင် ကြိုးပမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းခြင်း ၊ သဘောထားစွာ အားလုံးကိုလက်ခံခြင်းကို ခိုင်မာစွာ လက်ကိုင်ထားကြရာ တရုတ်နိုင်ငံနှင့် အာဆီယံ ဆက်ဆံရေးသည် အာရှ-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှုအရှိဆုံး၊ အားမာန် အရှိဆုံး၏ စံနမူနာ ဖြစ်ခဲ့သလို လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးသည့် နမူနာ ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံ ဆက်ဆံရေး၏ ကောင်းမွန်သည့်အခင်းအကျင်းသည် အလွယ်တကူ ရရှိခြင်း မဟုတ်ကြောင်း၊ ဘက်ပေါင်းစုံ၏ အတူတကွ တစ်စုတစ်စည်းတည်း ကြိုးပမ်းမှုကြောင့် ဖြစ်ကြောင်း၊ ၎င်းတွင် အဓိကအချက်အချာနှင့် အစဉ်အမြဲ ချိတ်ဆက်မှုများ ရှိကြောင်း၊ ၎င်းမှာ သမ္မတ ရှီကျင့်ဖိန် ဆိုခဲ့သည့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် ဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” ဟူသော စကား ၄ ရပ်ကြောင့် ဖြစ်ကြောင်း၊ ဤစကား ၄ ရပ်မှာ တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန် ဆက်ဆံရေး အခြေခံ ဦးတည်ချက်ဖြစ်သလို အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု ဖြစ်ပြီး သာယာလှပသော အနာဂတ်ကို မိမိတို့အတူ ဖန်တီးမည့် အဖိုးတန်ရတနာလည်း ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ဤစကား ၄ ရပ်တွင် ပို၍ အားထုတ်ကြိုးပမ်းရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုရှိသည့် ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းစေရန် ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများကို ပို၍ အကျိုးရှိစေသလို ဒေသတွင်းပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း လီချန်က အလေးထား ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက အမှာစကားပြောကြားရာတွင် အာဆီယံ နိုင်ငံများသည် သမ္မတရှီကျင့်ဖိန်၏ အဆိုဖြစ်သည့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာ မှန်ကန်ခြင်း၊ အပြန်အလှန် ဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” ဟူသော အတွေးအမြင်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အရေးကြီး အကျိုးဆောင်မှုကို အထူးတန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ ဈေးကွက်ကို တစ်ဆင့်ထပ်တိုး ဖွင့်လှစ်ခြင်း၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ တည်ရှိမှုကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်မှုကို ဆက်လက် တွန်းအားပေးသွားမည် ဖြစ်ပြီး ထောက်ပို့ရေးကွင်းဆက် ဒဏ်ခံနိုင်ရည်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု နိုင်ငံရေး အသွင်ပြောင်းခြင်းကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဥတုရာသီ ပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
李强出席第二十届中国-东盟博览会开幕式并致辞
新华社南宁9月17日电(记者王宾、潘强)国务院总理李强9月17日上午在广西南宁出席第二十届中国-东盟博览会和中国-东盟商务与投资峰会开幕式并致辞。柬埔寨首相洪玛奈、老挝总理宋赛、马来西亚总理安瓦尔、越南总理范明政、印度尼西亚副总统马鲁夫、泰国副总理兼商业部长普坦、东盟秘书长高金洪,以及中国、东盟等国家和地区工商界代表等约1200人出席。
李强表示,中国-东盟博览会创办20年来见证了双方关系的不断发展。我们坚持团结自强、合作共赢、胸怀天下,中国东盟关系已成为亚太区域合作中最成功和最具活力的典范,成为推动构建人类命运共同体的生动例证。
李强强调,中国和东盟关系的良好局面来之不易,凝结着各方的共同努力,当中有其本质的内核和贯穿始终的主线,这就是习近平主席精辟概括的“亲、诚、惠、容”四个字。这四个字既是中国周边外交方针的基本取向,也是睦邻友好的相处之道,更是我们共创美好未来的重要法宝。我们要在践行这四个字上下更大功夫,努力营造有利于发展繁荣、和平安宁的良好环境,使各国发展更好惠及周边国家、造福地区人民。
与会东盟国家领导人在致辞中表示,东盟国家高度赞赏习近平主席提出的亲诚惠容理念,以及中国为促进地区和平与繁荣作出的重要贡献,愿和中方加强合作,进一步开放市场,加强互联互通和相互依存,持续推进共建“一带一路”,增强供应链韧性,反对保护主义和贸易投资政治化,携手应对粮食安全和气候变化等全球性挑战,实现互惠互利、共同发展。
1. 9月17日上午,国务院总理李强在广西南宁出席第二十届中国-东盟博览会和中国-东盟商务与投资峰会开幕式并致辞。
2. 9月17日上午,国务院总理李强在广西南宁出席第二十届中国-东盟博览会和中国-东盟商务与投资峰会开幕式并致辞。这是会前集体合影。