Connect with us

China

ဟန်ကျိုး အာရှအားကစားပွဲ မီဒီယာစင်တာ တရားဝင်စတင်ဖွင့်လှစ်

ဟန်ကျိုး အာရှအားကစားပွဲ၏ မီဒီယာစင်တာ အပြင်ဘက်မြင်ကွင်းကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲကျင်းပရန် သီတင်းပတ် တစ်ပတ်ခန့်သာ လိုတော့သည့်အချိန်တွင် ပင်မမီဒီယာစင်တာ (MMC) ကို စက်တင်ဘာ ၁၈ ရက်က တရားဝင်စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

ဟန်ကျိုး အာရှအားကစားပွဲ၏ မီဒီယာစင်တာ အတွင်းဘက် လက်ဖက်ရည်သောက်ခေတ္တနားမည့်နေရာကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့် ဟန်ကျိုး အိုလံပစ်အားကစားစင်တာ ပင်မအားကစားရုံအနီးရှိ MMC သည် ဧရိယာ စတုရန်းမီတာ ၅၀,၀၀၀ နီးပါးကျယ်ဝန်းသည်။ ထိုနေရာတွင် ပင်မသတင်းစာရှင်းလင်းပွဲစင်တာ (MPC) နှင့် နိုင်ငံတကာ အသံထုတ်လွှင့်မှုစင်တာ (IBC) အပါအဝင် အမျိုးမျိုးသော ကဏ္ဍများ ပါဝင်သည်။

MMC အတွင်းပိုင်းတွင်မူ မီဒီယာသမားများအနေဖြင့် လျင်မြန်၍ ထိရောက်သော ဝန်ဆောင်မှုများ ရရှိနိုင်စေရန် ကျန်းမာရေးဌာန၊ စာအုပ်ဆိုင်၊ စာတိုက်ရုံး စသည့် အဆောက်အအုံများစွာကို အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် MMC ဧည့်ခန်းနေရာတွင်ရှိသော ယဉ်ကျေးမှုပြခန်းနေရာတွင်လည်း ရိုးရာပန်းချီကားများနှင့် ကြွေထည်ပစ္စည်းများ အပါအဝင် တရုတ်အနုပညာလက်ရာများကို ပြသထားသည်။ အဆိုပါ ခင်းကျင်းပြသမှုများသည် တရုတ်ယဉ်ကျေးမှုနှင့် ဟန်ကျိုးမြို့၏ ထင်ရှားသော သွင်ပြင်လက္ခဏာများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

၁၉ ကြိမ်မြောက် အာရှအားကစားပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးတွင် ကျင်းပရန် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် အားကစားနည်း ၄၀ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Main Media Center of Hangzhou Asian Games starts operation officially
HANGZHOU, Sept. 18 (Xinhua) — With just about a week until the 19th Asian Games kick off in Hangzhou, the Main Media Center (MMC) officially began operations on Monday.
Situated near the main stadium of the Hangzhou Olympic Sports Center, the venue for the Games’ opening ceremony, the MMC spans an expansive area of nearly 50,000 square meters. This space is segmented into various sections, including the Main Press Center (MPC) and the International Broadcasting Center (IBC).
Inside the MMC, media personnel can access a range of facilities such as a medical station, a bookstore, and a post office, ensuring swift and efficient services.
The cultural exhibition area, located in the MMC’s lobby, showcases elements of Chinese art, including traditional paintings and celadon. These displays are imbued with the distinctive characteristics of both Chinese culture and Hangzhou.
The 19th Asian Games are scheduled to be held in Hangzhou, capital city of east China’s Zhejiang Province, from September 23 to October 8. The event will feature a total of 40 sports.
Photo 1: Photo taken on Sept. 1 shows the exterior of the Main Media Center of the Hangzhou Asian Games. (Xinhua/Xu Yu)
Photo 2: Photo taken on Sept. 1 shows the tea break area inside the Main Media Center of the Hangzhou Asian Games. (Xinhua/Xu Yu)