Connect with us

China

တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း မောင်းနှင်အား၏ အောင်မြင်မှုများကို မျှဝေမည်ဟု သမ္မတ ရှီကျင့်ဖိန် အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့တွင် ပြုလုပ်သော ၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ၏ ကမ္ဘာ့ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်ရန် အားဖြည့်ဆောင်ရွက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိရေးအတွက် ကမ္ဘာ့အခြားနိုင်ငံများက ပူးတွဲကြိုးပမ်းအားထုတ်လျက်ရှိသလို တရုတ်နိုင်ငံကလည်း နိုင်ငံခေတ်မီအသွင်ပြောင်းခြင်းမောင်းနှင်အား၏ အောင်မြင်မှုများကို မျှဝေသွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂ ရက်၌ မှတ်ချက်ပြုပြောကြားခဲ့သည်။

သမ္မတ ရှီသည် ၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ၏ ကမ္ဘာ့ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေး၊ ခိုင်မာသောပြည်တွင်းဈေးကွက် တည်ဆောက်မှု အရှိန်မြှင့်တင်ရေး၊ အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုလုပ်ငန်းသွင်းကုန်များ တိုးမြှင့်ရန်အဆိုပြုချက် ဆောင်ရွက်ရေးနှင့် အသိဉာဏ်ကြွယ်ဝသောဝန်ဆောင်မှုလုပ်ငန်း တင်ပို့မှုများ ပိုမိုတွန်းအားပေးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ကျယ်ပြန့်သောဈေးကွက်မှ ဖြစ်ပေါ်လာသော အခွင့်အလမ်းများဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားသစ် ဖြည့်တင်းပေးမည်ဖြစ်သလို ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ အကျိုးကျေးဇူးမြင့်မြင့်မားမား ရရှိစေရန် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပိုမိုကောင်းမွန်သော တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုများဖြင့် ကမ္ဘာကြီးကို ပံ့ပိုးပေးမည်ဟု ရှီက ဆိုသည်။ (Xinhua)

……………………………
(English Version)
Xi stresses sharing achievements of Chinese modernization drive
BEIJING, Sept. 2 (Xinhua) — China will share the achievements of the Chinese modernization drive while making joint efforts with the rest of the world to get the global economy onto the track of sustained recovery, President Xi Jinping noted Saturday.
He made the remarks while addressing the Global Trade in Services Summit of the 2023 China International Fair for Trade in Services via video.
China will work to expand domestic demand, accelerate the building of a robust domestic market, take the initiative to increase imports of high-quality services, and encourage more exports of knowledge-intensive services, Xi said.
The country will inject new impetus to global development with opportunities generated by China’s vast market, and provide the world with more and better Chinese services through high-quality development to increase the sense of gains of people around the world, Xi said.
Photo: Chinese President Xi Jinping addresses the Global Trade in Services Summit of the 2023 China International Fair for Trade in Services (CIFTIS) via video in Beijing, capital of China, on Sept. 2, 2023. (Xinhua/Li Xueren)