Connect with us

Asia

တရုတ်နှင့် အာဆီယံအနေဖြင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုမှတစ်ဆင့် သဘောမတူညီမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တူညီမှုများကို ရှာဖွေပြီး မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က စက်တင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် လီသည် ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် နှစ်ဘက်အနေဖြင့် ပုံမှန်နှင့် ပုံမှန်မဟုတ်သော လုံခြုံရေးနယ်ပယ်များ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့် TAC (အရှေ့တောင်အာရှဒေသတွင် ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်) ၏ ရည်ရွယ်ချက်ကို ထိန်းသိမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ရှုပ်ထွေးပြီး ပြောင်းလဲမှုတွေ ပြည့်နှက်နေတဲ့ကမ္ဘာကြီးမှာ အရှေ့အာရှဒေသက တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
China, ASEAN properly handle disagreements via dialogue, consultation — Chinese premier
JAKARTA, Sept. 6 (Xinhua) — Chinese Premier Li Qiang said here Wednesday that China and ASEAN countries have properly handled disagreements by seeking common ground while shelving differences through dialogue and consultation.
In his opening remarks addressing the 26th China-ASEAN Summit, Li said that the two sides have been deepening practical cooperation in the traditional and non-traditional security fields, and have upheld the five principles of peaceful co-existence and the purpose of the TAC (Treaty of Amity and Cooperation in Southeast Asia).
“We have preserved peace and tranquility in East Asia in a world fraught with turbulence and change,” he said.
Photo: Chinese Premier Li Qiang arrives at Soekarno-Hatta International Airport in Jakarta, Indonesia, Sept. 5, 2023. (Xinhua/Rao Aimin)