Connect with us

Science & Technology

တရုတ်နိုင်ငံ အဆင့်မြင့်နည်းပညာကုန်စည်ပြပွဲတွင် အရောင်းအဝယ်ပမာဏ ယွမ် ၃၇.၂၈ ဘီလီယံ ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် တရုတ် အဆင့်မြင့်နည်းပညာကုန်စည်ပြပွဲ (CHTF) အတွင်း ခြေထောက်လေးချောင်းပါ ကင်းလှည့်စက်ရုပ်ကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဆန်းကျန့်မြို့တွင် နိုဝင်ဘာ ၁၉ ရက်က ကျင်းပပြီးစီးခဲ့သော ၂၅ ကြိမ်မြောက် အဆင့်မြင့်နည်းပညာကုန်စည်ပြပွဲအား လာရောက်လေ့လာသူ ၂၄၈,၀၀၀ ဦး တက်ရောက်ခဲ့ပြီး စုစုပေါင်း အရောင်းအဝယ်ပမာဏ ယွမ် ၃၇.၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၇ ဘီလီယံခန့်) အပါအဝင် ရောင်းဝယ်မှုပမာဏ တိုးတက်လာခဲ့ကြောင်း သိရသည်။နိုင်ငံနှင့် ဒေသ ၁၀၅ ခုမှ ပါဝင်တက်ရောက်သူများက ပြခန်း ၄,၀၀၀ ကျော် ပြသခဲ့ရာ ပြပွဲဧရိယာမှာ စတုရန်းမီတာ ၅၀၀,၀၀၀ အထိ ကျယ်ဝန်းခဲ့သည်။ စုစုပေါင်း အခမ်းအနား ၁၃၂ ခု ကျင်းပခဲ့ပြီး ထုတ်ကုန်သစ်နှင့် အောင်မြင်မှု ၆၈၁ ခု ဖော်ထုတ်ပြသနိုင်ခဲ့သလို စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံအစိုးရအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၁၇ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် တရုတ် အဆင့်မြင့်နည်းပညာကုန်စည်ပြပွဲ (CHTF) အတွင်း Xpeng ကားပျံအား ကြည့်ရှုလေ့လာနေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကုန်စည်ပြပွဲသည် လေယာဉ်တည်ဆောက်မှုနည်းပညာနယ်ပယ်မှ ကုမ္ပဏီ ၂၀၀ ခန့် တက်ရောက်ကာ လေယာဉ်၊ ဒုံးကျည်များ ဂြိုဟ်တုများနှင့် အာကာသယာဉ်များနှင့် ဒရုန်းများ စသည့် ၎င်းတို့၏ နောက်ဆုံးပေါ်နည်းပညာထုတ်ကုန်အမျိုးမျိုးကို ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။ (Xinhua)
………………………………
China Hi-Tech Fair sees 37.28 bln-yuan negotiated transaction volume
BEIJING, Nov. 20 (Xinhua) — The 25th China Hi-Tech Fair concluded in the southern Chinese metropolis of Shenzhen on Sunday, with an attendance of 248,000 visitors and a cumulative transaction volume, including the intended transaction amount, totaling 37.28 billion yuan (about 5.17 billion U.S. dollars).
Featuring participation from 105 countries and regions, the fair attracted over 4,000 exhibitors, with the exhibition area reaching 500,000 square meters. A total of 132 events were held, 681 new products and achievements were unveiled and contracts for 17 cooperation projects between enterprises and local governments were signed onsite.
The fair also attracted about 200 companies in the aerospace technology field and they exhibited a variety of cutting-edge technological products, including aircraft, rockets, satellites, probes, and drones.

Photo 1: A staff member demonstrates a four-legged patrol robot during the 25th China Hi-Tech Fair (CHTF) in Shenzhen, south China’s Guangdong Province, Nov. 15, 2023. (Xinhua/Mao Siqian)
Photo 2: Visitors look at a flying car of Xpeng Aeroht during the 25th China Hi-Tech Fair (CHTF) in Shenzhen, south China’s Guangdong Province, Nov. 15, 2023. (Xinhua/Mao Siqian)