Connect with us

Media

ဂါဇာဒေသတွင် ပါလက်စတိုင်း သေဆုံးသူအရေအတွက် ၁၃,၀၀၀ ကျော်ရှိလာ

ဂါဇာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ပါလက်စတိုင်း သေဆုံးသူအရေအတွက်မှာ ၁၃,၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း ဂါဇာအစိုးရပြန်ကြားရေးရုံးက နိုဝင်ဘာ ၁၉ ရက်၌ ကြေညာခဲ့သည်။

သေဆုံးသူများအနက် ကလေးငယ် ၅,၅၀၀ ဦးနှင့် အမျိုးသမီး ၃,၅၀၀ ဦး ပါဝင်ကြောင်း၊ အခြားသူ ၃၀,၀၀၀ ကျော်မှာလည်း ဒဏ်ရာရရှိထားကြောင်း ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Ismail al-Thawabta က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးတိုက်ခိုက်မှုများကြောင့် အဆောက်အအုံ အပျက်အစီးများအောက် ရှိနေဆဲ ပျောက်ဆုံးသူအရေအတွက်မှာလည်း ကလေးနှင့် အမျိုးသမီး ၄,၀၀၀ ဦး အပါအဝင် လူဦးရေ ၆,၀၀၀ ကျော်ရှိကြောင်း Al-Thawabta က ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းအား ဟားမက်စ်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ခန့် သေဆုံးပြီး ဓားစာခံ ၂၀၀ ကျော် ဖမ်းဆီးခဲ့သည်ကို တုန့်ပြန်သည့်အနေဖြင့် လွန်ခဲ့သောသီတင်းပတ်များအတွင်း ဂါဇာအား အစ္စရေးက တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

………………………………
(English Version)
Palestinian death toll in Gaza surpasses 13,000
GAZA, Nov. 19 (Xinhua) — Gaza’s government media office announced on Sunday that the Palestinian death toll in the Gaza Strip has exceeded 13,000 since the Israel-Hamas conflict erupted on Oct. 7.
Ismail al-Thawabta, the director general of the media office, said at a press conference that among the dead were 5,500 children and 3,500 women, while more than 30,000 others were variously injured.
Al-Thawabta said the number of missing persons has surpassed 6,000, including 4,000 children and women still under the rubble of buildings destroyed by Israeli attacks.
Israel has been carrying out attacks on Gaza over the past weeks to retaliate against the Hamas surprise attack on southern Israel on Oct. 7, during which Hamas militants killed about 1,200 people and took more than 200 hostages.