Connect with us

Politics, Law & Military

ပါလက်စတိုင်း-အစ္စရေးပဋိပက္ခဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်၌ ကျင်းပသည့် BRICS ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော BRICS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ အထူးပူးတွဲအစည်းအဝေးတွင် “အပစ်အခတ်ရပ်စဲရေးဆီသို့ လုပ်ဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် လုံခြုံရေးကို နားလည်လက်ခံခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းရေး အရေးကြီးဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို နိုဝင်ဘာ ၂၉ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ရန်နှင့် အပစ်အခတ်ရပ်စဲရေး အဆင်ပြေချောမွေ့စေရန်၊ အရပ်သားများဘေးကင်းမှုရှိစေရန်နှင့် လူသားချင်းစာနာထောက်ထားမှု ဘေးအန္တရာယ် ရပ်တန့်စေရေး ကြိုးပမ်းအားထုတ်မှုတိုင်းအား ဆောင်ရွက်ရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။

ထို့ပြင် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆောလျင်စွာ ပြန်လည်စတင်သင့်ကြောင်း၊ ပါလက်စတိုင်းပြည်သူများ အချုပ်အခြာအာဏာပိုင်နိုင်ငံ ပိုင်ဆိုင်ခွင့်၊ အသက်ရှင်သန်ခွင့်နှင့် နေရပ်ပြန်လည်နေထိုင်ခွင့် စသည်တို့ကို ဆောလျင်စွာ ပြန်လည်ရရှိသင့်ကြောင်း ပါလက်စတိုင်းပြည်သူများ စည်းလုံးညီညွတ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၉ ရက်၌ ကျင်းပသော ကုလသမဂ္ဂ အစည်းအဝေးသို့ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
Xi urges ceasefire, peace talks for Palestine-Israel conflict
BEIJING, Nov. 30 (Xinhua) — Chinese President Xi Jinping on Wednesday called on the international community to take urgent actions to address the Palestine-Israel conflict.
He urged the UN Security Council to shoulder its responsibilities and make every effort to facilitate a ceasefire, ensure the safety of civilians, and stop the humanitarian disaster.
On top of this, the Palestinian-Israeli peace talks should be restarted as soon as possible and the Palestinian people’s right to statehood and survival and their right of return should be restored as soon as possible, Xi said in his congratulatory message to a UN meeting held on Wednesday to commemorate the International Day of Solidarity with the Palestinian People.
Photo: Chinese President Xi Jinping delivers a speech titled “Working Toward a Ceasefire and Realizing Lasting Peace and Sustainable Security” at the extraordinary joint meeting of BRICS leaders and leaders of invited BRICS members on the situation in the Middle East with particular reference to Gaza on Nov. 21, 2023. (Xinhua/Huang Jingwen)