Connect with us

Europe

တရုတ်-ရုရှား ဆက်ဆံရေးက ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် အဓိကကျကြောင်း ပူတင်ပြော

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲနှင့် အမေး၊ အဖြေအစီအစဉ်တွင် စကားပြောကြားနေသော သမ္မတ ဗလာတီမာ ပူတင်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်-ရုရှား ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၁၄ ရက် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အရေးပါတဲ့ အာမခံပေးမှုတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ပူတင်က ပြောခဲ့ကာ နှစ်နိုင်ငံကြား ဆက်သွယ်ဆောင်ရွက်မှုအဆင့်က “မကြုံဖူးလောက်အောင် မြင့်မား” ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ဆက်ဆံရေးမှာ တိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံနှင့် နည်းပညာမြင့်ကဏ္ဍ စသည့် နယ်ပယ်များ၌ ဆက်ဆံရေးကို တိုးမြှင့်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုကိုလည်း ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ရိုက်ရည်ရွယ်ခြင်းမရှိသော ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ အကျိုးကျေးဇူးအတွက်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပူတင်က ဆိုသည်။

ပူတင်သည် မော်စကိုမြို့တွင် ၁၈ ကြိမ်မြောက် နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်အမေး၊ အဖြေ အစီအစဉ်နှင့်အတူ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည်။ သတင်းထောက်များ၊ ရုရှားနိုင်ငံသားများက ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံအတွင်း အထွေထွေ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး အခြေအနေများ အပါအဝင် ကျယ်ပြန့်သောကိစ္စရပ်များ ကို မေးမြန်းခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Sino-Russian relations key to global stability: Putin
MOSCOW, Dec. 14 (Xinhua) — Sino-Russian relations play an important role in maintaining global stability, Russian President Vladimir Putin said Thursday during his annual press conference.
“Russian-Chinese relations are one of the significant guarantors of stability in the world,” Putin said, adding that the level of interaction between both countries is “unprecedentedly high.”
Putin further noted that Russia and China are diversifying their relations, saying the two countries are developing relations in such fields as infrastructure and high-tech sector. “And we will continue to do so,” he added.
Putin said the friendship between the two countries is not “directed against anyone” but aims to benefit Russia and China.
On Thursday, Putin held his 18th annual press conference together with the “Direct Line” question and answer session in Moscow. Journalists and Russian citizens raised questions on a wide range of issues, including domestic and foreign policy matters, as well as the general economic, political and social situation of the country.
Photo: Russian President Vladimir Putin speaks during an annual press conference and question-and-answer session in Moscow, Russia, on Dec. 14, 2023. (Xinhua/Cao Yang)