Connect with us

Africa & Middle East

အီရတ်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ပြည်နယ်ရွေးကောက်ပွဲများ ကျင်းပ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲ မတိုင်ခင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး မဲပေးနေမှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံရေးကွဲပြားမှုများကြောင့် ၁၀ နှစ်ကြာ ဆိုင်းငံ့ထားရသည့် အီရတ်နိုင်ငံ၏ ပြည်နယ်ရွေးကောက်ပွဲများကို ပြည်နယ် ၁၈ ခုအနက် ၁၅ ခု၌ ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။

ဆန္ဒမဲပေးခြင်းအား နံနက် ၇ နာရီ (၀၄၀၀ ဂရင်းနစ်စံတော်ချိန်) တွင် စတင်ခဲ့ပြီး တင်းကြပ်သည့် လုံခြုံရေး အစီအမံများအောက်တွင် မဲရုံပေါင်း ၇,၁၆၆ ရုံ ဖွင့်လှစ်ခဲ့ကြောင်းနှင့် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသ၏ ပြည်နယ် ၃ ခုမှလွဲ၍ ကျန်ပြည်နယ်အားလုံးတွင် သန်းပေါင်းများစွာသော အီရတ်နိုင်ငံသားများမဲပေးကြမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
မဲရုံများကို ဒေသစံတော်ချိန် ည ၆ နာရီ (၁၅၀၀ ဂရင်းနစ်စံတော်ချိန်) တွင်ပိတ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Iraq holds first provincial elections in a decade
BAGHDAD, Dec. 18 (Xinhua) — Iraq on Monday holds provincial elections in 15 of the country’s 18 provinces after a 10-year hiatus over political differences.
Voting began after 7:00 a.m. local time (0400 GMT) when 7,166 polling centers opened under tight security measures as millions of Iraqis are expected to vote in Baghdad and other cities in all provinces excluding the three provinces of the semi-autonomous Kurdistan region.
The polling centers are scheduled to close at 6:00 p.m. (1500 GMT). Enditem
This photo taken on Dec. 16, 2023 shows a member of Iraqi security forces voting ahead of the provincial elections in Baghdad, Iraq. (Xinhua/Khalil Dawood)