Connect with us

North America

ဘိုင်ဒန်၏ မော်တော်ယာဉ်တန်းကို ဒယ်လာဝဲလ်ပြည်နယ်ရှိ မဲဆွယ်စည်းရုံးရေးဌာနချုပ်အပြင်ဘက်တွင် ကားဝင်တိုက်ခံရ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ အိမ်ဖြူတော်၌ ကျင်းပသည့် အခမ်းအနားတစ်ခု၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဂျိုးဘိုင်ဒန်သည် ဒယ်လာဝဲလ်ပြည်နယ်ရှိ ၎င်း၏မဲဆွယ်စည်းရုံးရေးဌာနချုပ်မှ ထွက်ခွာလာစဉ် ၎င်း၏မော်တော်ယာဉ်တန်းမှ ရပ်ထားသော SUV အမျိုးအစားမော်တော်ယာဉ် တစ်စီး ကို ကားတစ်စီးက ဒီဇင်ဘာ ၁၇ ရက် ညဘက်တွင် ဝင်တိုက်မိခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ် ပြန် ချက်အရ သိရသည်။

သမ္မတအနေဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတနှင့် သမ္မတကတော် ဂျေးဘိုင်ဒန် တို့သည် ဒယ်လာဝဲလ်ပြည်နယ်၊ ဝယ်လင်တန် မြို့လယ်ဝန်းကျင်၌ ဒေသစံတော်ချိန် ည ၈ နာရီ (၀၁၀၀ ဂရင်းနစ် စံတော်ချိန်၊ တနင်္လာနေ့) တွင်၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဌာနချုပ်မှ ထွက်ခွါလာခဲ့ကြခြင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဒယ်လာဝဲလ် နံပါတ်ပြားကပ်ထားသော ငွေရောင်ဆလွန်းကားတစ်စီးက မဲဆွယ်စည်းရုံးရေး ဌာနချုပ်ရဲ့ ဝင်ပေါက်မျက်နှာချင်းဆိုင် လမ်းဆုံမှာ ကာရံထားတဲ့ မော်တော်ယာဉ်တန်းက SUV ကားကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီမှာ တိုက်မိတဲ့ အသံကျယ်တစ်ခု ထွက်ပေါ်လာပြီး (အမေရိကန် သမ္မတ) က အံ့ဩတကြီး မျက်နှာအမူအရာနဲ့ ကားအပြင်ဘက်တွင် ရပ်နေပါတယ် ” ဟု ထုတ်ပြန်ချက်ကဆိုသည်။
အေးဂျင့်များက လျင်မြန်စွာ ပေါ်ပေါက်လာပြီး ကားကိုဝိုင်း၍ ယာဉ်မောင်းကို လက်နက်များဖြင့် ချိန်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

…………………………
(English Version)
Car smashes into Biden’s motorcade outside Delaware campaign headquarters
WASHINGTON, Dec. 17 (Xinhua) — A car smashed into a parked SUV that was part of U.S. President Joe Biden’s motorcade Sunday night while Biden was leaving his campaign headquarters in the U.S. state of Delaware, according to a White House pool report.
The president was not harmed, the report said.
The president and First Lady Jill Biden emerged from the 2024 reelection campaign headquarters in Delaware’s downtown Wilmington around 8:00 p.m. local time (0100 GMT Monday), it said.
“A silver copper sedan with Delaware plates hit what seemed to be a motorcade SUV shielding the motorcade at the intersection across from the entrance of the campaign headquarters,” the report said.
“There was a loud bang and POTUS (The president of the United States) was standing outside the vehicle with a surprised expression on his face,” it said.
Agents quickly sprung into action, cornering the car and pulling weapons on the driver, who held his hands up, it added. Enditem
U.S. President Joe Biden is pictured during an event at the White House in Washington, D.C., the United States, April 24, 2023. (Photo by Aaron Schwartz/Xinhua)