Connect with us

China

ရှီနှင့် ရုရှား ဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်တို့ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (Mikhail Mishustin) နှင့် ပေကျင်းမြို့တွင် ဒီဇင်ဘာ ၂၀ ရက်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်တို့ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီက ယခုနှစ်ဆန်းပိုင်းမှစ၍ ၎င်းနှင့် သမ္မတ ပူတင်တို့ နှစ်ကြိမ်တိုင်အောင် တွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရများ၊ ဥပဒေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် နယ်မြေဒေသများသည် နက်ရှိုင်းစွာ ကူးလူးဖလှယ်လျက်ရှိကြပြီး နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမှာလည်း ခိုင်မာ တည်ငြိမ်သော အနေအထားဖြင့် တိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ပထမ ၁၁ လတာကာလအတွင်း တရုတ်နှင့် ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်ရေးသည် နှစ်နိုင်ငံခေါင်းဆောင်များ ပူးတွဲချမှတ်ထားသည်အတိုင်း နှစ်စဉ် ကုန်သွယ်မှုပမာဏရည်မှန်းချက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ပြည့်မီခဲ့ကြောင်း၊ ယင်းမှာ နှစ်နိုင်ငံကြား အပြန်အလှန်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်မာသော ကြံ့ခိုင်မှုနှင့် ကျယ်ပြန့်သော အလားအလာများကို ဖော်ပြလျက်ရှိကြောင်း ရှီက ဆိုသည်။

တရုတ်-ရုရှား ဆက်ဆံရေးကို ထိန်းသိမ်းခြင်းနှင့် တိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားပေါ် အခြေခံထား၍ နှစ်နိုင်ငံလုံးမှချမှတ်ထားသော မဟာဗျူဟာမြောက်ရွေးချယ်မှုလည်း ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ရုရှားပြည်သူများအား ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ လျှောက်လှမ်းရာတွင် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်နိုင်ငံရေးဆက်ဆံမှု၏ အပြုသဘောသက်ရောက်မှုကို စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်အမျိုးသားမဟာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ပူးတွဲရှေ့ဆက်ရန် စမှတ်သစ်အဖြစ် လာမည့်နှစ်ကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi meets with Russian PM
BEIJING, Dec. 20 (Xinhua) — Chinese President Xi Jinping met with Prime Minister of the Russian Federation Mikhail Mishustin in Beijing on Wednesday.
Noting that since the beginning of this year, he has met with President Putin twice, Xi said the governments, legislative bodies, political parties and localities of the two countries have carried out in-depth exchanges, and pragmatic cooperation in various fields has developed in a sound and steady manner.
In the first 11 months of this year, the bilateral trade between China and Russia achieved the annual trade volume target of 200 billion U.S. dollars jointly set by the two heads of state, which shows the strong resilience and broad prospects for mutually beneficial cooperation between the two countries, Xi said.
He noted that maintaining and developing China-Russia relations is a strategic choice made by both sides based on the fundamental interests of the two peoples.
China supports the Russian people in taking the development path of their own choice, Xi said, expressing the hope of taking the 75th anniversary of the establishment of diplomatic relations between China and Russia next year as a new starting point to continuously expand the positive effects of the high-level political relations and jointly move forward in the process of comprehensively promoting economic and social development and realizing national rejuvenation.
Photo 1, 2: Chinese President Xi Jinping meets with Prime Minister of the Russian Federation Mikhail Mishustin in Beijing, capital of China, Dec. 20, 2023. (Xinhua/Huang Jingwen)