Connect with us

North America

မက္ကဆီကိုနိုင်ငံ၌ ဟာရီကိန်းမုန်တိုင်း အိုတစ် တိုက်ခတ်မှုကြောင့် လူ ၅၂ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ၊ Guerrero ပြည်နယ်၊ Acapulco မြို့၌ ဟာရီကိန်းမုန်တိုင်း အိုတစ် (Otis) ဝင်ရောက်တိုက်ခတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း အိုတစ် (Otis) တိုက်ခတ်မှုကြောင့် လူ ၅၂ ဦး သေဆုံးခဲ့ပြီး အခြားသူ ၃၂ ဦး ပျောက်ဆုံးနေကြောင်း Guerrero ပြည်နယ် အုပ်ချုပ်ရေးမှူး Evelyn Salgado က ဒီဇင်ဘာ ၂၀ ရက်၌ ပြောသည်။

မက္ကဆီကိုနိုင်ငံ၊ Guerrero ပြည်နယ်၊ Acapulco မြို့၌ ဟာရီကိန်းမုန်တိုင်း အိုတစ် (Otis) ဝင်ရောက်တိုက်ခတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ၊ Guerrero ပြည်နယ်၊ Acapulco မြို့၌ ဟာရီကိန်းမုန်တိုင်း အိုတစ် (Otis) ဝင်ရောက်တိုက်ခတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ၊ Guerrero ပြည်နယ်၊ Acapulco မြို့၌ ဟာရီကိန်းမုန်တိုင်း အိုတစ် (Otis) ဝင်ရောက်တိုက်ခတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆင့် ၅ ရှိသည့် ဟာရီကိန်းမုန်တိုင်းသည် မက္ကဆီကိုနိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းကို အောက်တိုဘာ ၂၅ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး Acapulco မြို့နှင့် Coyuca de Benitez မြို့ရှိ ဟိုတယ်များနှင့် အိမ်ရာအခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်များအတွက် လူသိများသည့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းအား နှစ်လနီးပါးကြာပြီးနောက် ပြန်လည်၍ လည်ပတ်လာခြင်းမှာ အခြေခံဖြစ်ကြောင်း Acapulco မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ Salgado က ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က Acapulco မြို့၏ “ပြန်လည်ရှင်သန်လာခြင်း” နှင့်အတူ အနီးအပါးမြို့ဖြစ်သည် Coyuca de Benitez ၌ နေထိုင်သည့် ပြည်သူများအားလုံး အပြည့်အဝပြန်လည် နာလန်ထူလာရန်မျှော်လင့်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Hurricane Otis kills 52 in Mexico
MEXICO CITY, Dec. 20 (Xinhua) — Hurricane Otis has killed 52 and left 32 missing in Mexico, Governor of Guerrero state, Evelyn Salgado, said Wednesday.
The category 5 hurricane hit Mexico’s southern Pacific coast on Oct. 25, inflicting severe damage to hotels and housing infrastructure of Acapulco and Coyuca de Benitez.
Salgado said during a press conference from Acapulco that the tourist reactivation of the well-known seaside resort is fundamental after almost two months.
President Andres Manuel Lopez Obrador said at the press conference that he expects the “rebirth” of Acapulco and the full recovery of the population of the neighboring Coyuca de Benitez. Enditem
This photo taken on Oct. 26, 2023 shows a road after being attacked by Hurricane Otis in Acapulco, state of Guerrero, Mexico. (Photo by Dassaev Tellez Adame/Xinhua)