Connect with us

China

လက်ရှိ ပင်လယ်ပြင်အခြေအနေကို သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲခြင်းကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဆိုင်ရာ မနီလာဖိုရမ်ကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်နေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်နိုင်ငံခြားရေးဝန်ကြီး Enrique A. Manalo မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုကို လက်ခံပြောကြားရာတွင် လက်ရှိပင်လယ်ပြင်အခြေအနေမှာ သင့်တင့်လျောက်ပတ်သော စီမံခန့်ခွဲမှုကို ထိပ်တန်းဦးစားပေးအဖြစ်ဆောင်ရွက်ရန် ဖိလစ်ပိုင်ဘက်ခြမ်းအား ဒီဇင်ဘာ ၂၀ ရက်က တိုက်တွန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် ပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းမှာ ဖိလစ်ပိုင်နိုင်ငံဘက်ခြမ်းမှ မူဝါဒရပ်တည်ချက်ကို ပြောင်းလဲလိုက်ခြင်း၊ ၎င်းတို့ချမှတ်ထားသော ကတိပြုထားမှုများကို ဖောက်ဖျက်ခြင်း၊ ပင်လယ်ပြင်ဆိုင်ရာ ပြဿနာများကို အဆက်မပြတ် ရန်စနေခြင်းနှင့် တရုတ်နိုင်ငံ၏ တရားဝင်၊ ဥပဒေဆိုင်ရာအခွင့်အရေးများကို ထိခိုက်လျော့ပါးစေခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ရိက ပြောကြားခဲ့သည်။

ယခုအခါ နှစ်နိုင်ငံ ဆက်ဆံရေးသည် အနာဂတ်ကို ဆုံးဖြတ်ပေးမည့် လမ်းဆုံလမ်းခွပေါ်၌ ရောက်ရှိနေကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် သတိကြီးစွာထား၍ ပြုမူရမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မှားယွင်းသောလမ်းကြောင်းသို့ ဆက်လက်လျှောက်လှမ်းနေမည့်အစား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လှည့်သင့်ကြောင်း၊ လက်ရှိ ပင်လယ်ပြင်အခြေအနေကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်၍ စီမံခန့်ခွဲရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
ရေလက်ကြားဖြင့် ပိုင်းခြားထားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်းမှာ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ထိရောက်သောနည်းလမ်း ဖြစ်ရုံသာမက တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး တိုးတက်မှုရှိစေရန် အသုံးဝင်သော အတွေ့အကြုံလည်းပဲ ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် ပင်လယ်ပြင်တည်ငြိမ်ရေး ပူးတွဲထိန်းသိမ်းရန် ဆွေးနွေး၊ ညှိနှိုင်းမှုမှတစ်ဆင့် မတူကွဲပြားမှုများကို ဖြေရှင်းရန် အစဉ်အမြဲ ကတိပြုထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်က ပြောကြားခဲ့သည်။
ထို့ပြင် အကယ်၍ ဖိလစ်ပိုင်နိုင်ငံက အခြေအနေကို မှားယွင်းစွာဆုံးဖြတ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် မလိုမုန်းထားသော ပြင်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းပြုမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့၏ အခွင့်အရေးကို ကာကွယ်မည်ဖြစ်သလို ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝမ်က သတိပေးပြောကြားလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique A. Manalo ကလည်း ရန်အိုက်သောင်စွယ် (Ren’ai Jiao) အရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်ဘက်ခြမ်း၏ ရှုမြင်ချက်ကို ပြောကြားခဲ့ပြီး မတူကွဲပြားမှုများကို နှစ်ဘက်လုံးမှ လက်ခံနိုင်သော နည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်မည်ဖြစ်ကာ တင်းမာမှုများကို လျှော့ချ၍ ပဋိပက္ခများကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ကောင်းမွန်သောယုံကြည်မှုဖြင့် ဆွေးနွေးမှု အားကောင်းစေရေး၊ ပင်လယ်ပြင်ရေးရာ နှစ်နိုင်ငံ ဆက်သွယ်ရေးလုပ်ထုံးလုပ်နည်းများကို ကောင်းမွန်စွာ အသုံးချနိုင်ရေးနှင့် ယင်းကိစ္စရပ်ကို ပူးတွဲအဖြေရှာရေး ဆောင်ရွက်သွားလိုကြောင်း Manalo က ဆိုသည်။
ထို့ပြင် နှစ်နိုင်ငံ တောင်တရုတ်ပင်လယ်ဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုယန္တရား အစည်းအဝေးကို ဆောလျင်စွာ ကျင်းပနိုင်ရန်နှင့် ကောင်းမွန်သော အခြေအနေအား တက်ကြွစွာဖန်တီးနိုင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Proper management of current maritime situation serves as top priority: Chinese FM
BEIJING, Dec. 20 (Xinhua) — Chinese Foreign Minister Wang Yi on Wednesday urged the Philippine side to take the proper management of the current maritime situation as a top priority during a phone conversation with Philippine Secretary of Foreign Affairs Enrique A. Manalo at the latter’s request.
The severe difficulties facing China-Philippines relations right now are rooted in the fact that the Philippine side has changed its policy stance so far, reneged on the promises it has made, constantly provoked troubles at sea, and undermined China’s legitimate and lawful rights, said Wang, also a member of the Political Bureau of the Communist Party of China Central Committee.
Noting that the bilateral relationship now stands at a crossroads, with its future yet to be decided, Wang said the Philippine side must act with caution.
Instead of continuing in the wrong direction, the Philippine side should return to the right path as soon as possible, with properly handling and managing the current maritime situation as a top priority, he said.
Being neighbors separated by a strip of water, China and the Philippines should settle disputes through consultation, Wang said, noting that this is not only an effective way for neighbors to get along with each other, but also a useful experience for China-Philippines relations to improve.
China is always committed to resolving differences through dialogue and consultation to jointly maintain maritime stability, Wang said.
He warned that if the Philippine side misjudges the situation, goes its own way, or even colludes with ill-intentioned external forces to continue to stir up troubles, China will defend its rights in accordance with law and respond resolutely.
Manalo, for his part, talked about the views of the Philippine side on the issue of Ren’ai Jiao, expressing the hope that differences can be managed in a way acceptable to both sides, so as to cool down tensions and prevent conflicts.
Manalo said the Philippine side is willing to strengthen dialogue with China in good faith, make good use of the bilateral communication mechanism on maritime issues, and jointly seek a solution to the issue.
The two sides agreed to hold a meeting of the Bilateral Consultation Mechanism on the South China Sea as soon as possible and actively create favorable conditions for it.
Photo: Chinese State Councilor and Foreign Minister Wang Yi addresses the Manila Forum for China-Philippines Relations via video on Jan. 17, 2022. (Xinhua/Ji Chunpeng)