Connect with us

International Organizations

ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ဝင်ရောက်နိုင်ရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခွင့်ပြု

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသဂ္ဂရုံးချုပ်တွင် ဂါဇာအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မဲခွဲနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဂါဇာဒေသရှိ အလွန်လိုအပ်နေသော အရပ်သားပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးအပ်မှုဆိုင်ရာ အရေးကြီးသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် အစ္စရေးနှင့် ဟားမက်စ်ကြား “အရေးပေါ်စစ်မက် ရပ်ဆိုင်းခြင်း” အတွက် မူလတိုက်တွန်းချက်မှာမူ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir el-Balah မြို့ရှိ ဆေးရုံသို့ ဒဏ်ရာရအမျိုးသားတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆုံးဖြတ်ချက် ၂၇၂၀ က ပဋိပက္ခနှင့် ဆက်စပ်သော အဖွဲ့အစည်းများအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ တစ်လျှောက်ရှိ ပါလက်စတိုင်းအရပ်သားများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံ၍ အဟန့်အတားမရှိ ချက်ချင်းတိုက်ရိုက်ပေးအပ်နိုင်ရန် ခွင့်ပြုလိုက်ကြောင်းနှင့် ယင်းအခြေအနေအရ လူသားချင်းစာနာမှုအကူအညီများ လုံခြုံဘေးကင်း၍ အတားအဆီးမဲ့ ချက်ချင်းခွင့်ပြုရန်နှင့် စစ်မက်ရပ်စဲမှုကို ထိန်းထားနိုင်သည့်အခြေအနေများ ဖန်တီးရန် အရေးကြီးခြေလှမ်းများအတွက် တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် အဆိုပါ ဆုံးဖြတ်ချက်တွင် “ဓားစာခံများအားလုံး ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးရေး” နှင့် ဓားစာခံများအားလုံး၏ ကျန်းမာရေးလိုအပ်ချက်များကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် လူသားချင်းစာနာမှု အကူအညီဝင်ရောက်မှု သေချာမှုရှိရေးအတွက်လည်း တောင်းဆိုထားကြောင်း သိရသည်။

အာရပ်စော်ဘွားများပြည်ထောင်စုက တင်သွင်း၊ အဆိုပြုထားသော ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး အမေရိကန်နှင့် ရုရှားက ကြားနေမဲပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
UN Security Council passes resolution to boost humanitarian aid access to Gaza
UNITED NATIONS, Dec. 22 (Xinhua) — The UN Security Council on Friday passed a key resolution, emphasizing the immediate acceleration of aid deliveries to the distressed civilians in Gaza, but without the original call for an “urgent suspension of hostilities” between Israel and Hamas.
Resolution 2720 demands parties to the conflict “allow, facilitate and enable the immediate, safe and unhindered delivery of humanitarian assistance at scale directly to the Palestinian civilian population throughout the Gaza Strip, and in this regard calls for urgent steps to immediately allow safe, unhindered, and expanded humanitarian access and to create the conditions for a sustainable cessation of hostilities.”
The resolution demands that the parties to the conflict “allow and facilitate the use of all available routes to and throughout the entire Gaza Strip,” and requests the UN secretary-general to “appoint a senior humanitarian and reconstruction coordinator” with responsibility for facilitating, coordinating, monitoring, and verifying in Gaza, as appropriate, the humanitarian nature of all humanitarian relief consignments to Gaza provided through states which are not party to the conflict.
The text demands the “immediate and unconditional release of all hostages,” as well as ensuring humanitarian access to address medical needs of all hostages.
The proposed resolution, presented by the United Arab Emirates, garnered support from 13 council members, while the United States and Russia opted to abstain from the vote within the 15-member council.
Photo 1: The UN Security Council votes on a draft resolution aimed at boosting the flow of humanitarian supplies into Gaza at the UN headquarters in New York, on Dec. 22, 2023. (Xinhua/Xie E)
Photo 2: An injured man is transferred to a hospital in central Gaza Strip city of Deir el-Balah, on Dec. 19, 2023. (Xinhua)