Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်အား မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ပိတ်ပွဲပြီးနောက် စာနယ်ဇင်းနှင့် တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မဲခေါင်ဒေသ ၅ နိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese premier to attend 4th Lancang-Mekong Cooperation Leaders’ Meeting
BEIJING, Dec. 22 (Xinhua) — Chinese Premier Li Qiang will attend the fourth Lancang-Mekong Cooperation (LMC) Leaders’ Meeting via videolink on Dec. 25, foreign ministry spokesperson Wang Wenbin announced here Friday.
Leaders of the five Mekong countries, namely Cambodia, Laos, Myanmar, Thailand, and Viet Nam, will also attend the meeting, according to Wang.
Photo: Chinese Premier Li Qiang meets the press after the closing of the first session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 13, 2023. (Xinhua/Xing Guangli)