Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ၇.၄ အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

မနီလာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ )

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao ပြည်နယ်တွင် ဒီဇင်ဘာ ၂ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် ၃ ဦးအထိရှိလာခဲ့ကြောင်း အစိုးရက ဒီဇင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Surigao del Sur ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သေဆုံးသူများအနက် တစ်ဦးမှာ မင်ဒါနာအိုကျွန်း၏ အရှေ့မြောက်ပိုင်းရှိ ဒေသမှဖြစ်ပြီး အခြားသူနှစ်ဦးမှာ ယင်းကျွန်း၏ အရှေ့တောင်ဘက်မှ ဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ငလျင်ကြောင့် အခြားသူ ၄၈ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အင်အားပြင်းငလျင် လှုပ်ခတ်မှုကို ဒေသ ၃ ခုရှိ နေထိုင်သူ ၅၃၀,၀၀၀ နီးပါး ထိခိုက်ခံစားခဲ့ရကြောင်း အေဂျင်စီက ဖြည့်စွက်ဖော်ပြထားသည်။
အင်အား ၇.၄ အဆင့်ရှိသော ငလျင်သည် ဒီဇင်ဘာ ၂ ရက် ညပိုင်းက Surigao del Sur ပြည်နယ် Hinatuan မြို့ အရှေ့မြောက်ဘက် ၃၀ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၂၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်အရေအတွက် ၃,၃၀၀ ကျော် လှုပ်ခတ်ခဲ့ကာ အင်အား အဆင့် ၅ နှင့် ၆ ကျော် ရှိသလို ယင်းဒေသ၌ အင်အားပြင်းငလျင်များ ဆက်လက်လှုပ်ခတ်လျက်ရှိကြောင်း သိရသည်။
ကျွန်းစုနိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်စက်ဝန်းတစ်လျှောက်တွင် တည်ရှိခြင်းကြောင့် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိရှိသည်။

ယခင်လက ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း Sarangani မြို့မှ ၃၄ ကီလိုမီတာခန့်အကွာ၌ မြေအောက် ၇၂ ကီလိုမီတာကို ဗဟိုပြုလျက် အင်အား ၆.၈ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Death toll of 7.4-magnitude quake rises to 3 in Philippines
MANILA, Dec. 6 (Xinhua) — The death toll in the 7.4-magnitude earthquake that hit the southern Philippine Surigao province last Saturday has climbed to three, the government said Wednesday.
In a latest report, the National Disaster Risk Reduction and Management Council said one died in a region in the northeastern part of Mindanao island, and two others in the southeastern part of the island.
The agency said 48 others were injured from the offshore earthquake. The strong quake has affected nearly 530,000 residents of three regions, it added.
The 7.4-magnitude quake hit Saturday night at a depth of 25 km, about 30 km northeast of Hinatuan town in Surigao del Sur province.
More than 3,330 aftershocks had occurred since the tremor struck, dozens with a magnitude of over five and six. Strong aftershocks continue to rock the region.
The archipelagic Philippines has frequent seismic activities due to its location along the Pacific “Ring of Fire.”
Last month, a 6.8-magnitude offshore earthquake, hitting about 34 km northwest of Sarangani town with a depth of 72 km, led to at least nine deaths, according to Philippine authorities.
Photo: A damaged house is seen after an earthquake struck Surigao del Sur province, the Philippines on Dec. 3, 2023. (Xinhua)