Connect with us

Media

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၃ ဦးထိ မြင့်တက်

ဂျကာတာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းရှိ မာရာပီမီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် တောင်တက်သမား အရေအတွက်မှာ ၂၃ ဦးထိ ရှိလာခဲ့ကြောင်း အနောက်ဆူမတြားသဘာဝအရင်းအမြစ်ထိန်းသိမ်းရေးအေဂျင်စီက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ရုပ်အလောင်း ၂၀ ကို ဆေးရုံကို ပို့ထားပြီးပါပြီ။ အခြားရုပ်အလောင်း ၃ ခုကို ပို့ဆောင်ဖို့ လုပ်နေပါတယ်” ဟု အေဂျင်စီ၏ ယာယီခေါင်းဆောင် Dian Indriati က ပြောကြားခဲ့သည်။

စုစုပေါင်း တောင်တက်သမား ၇၅ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ၅၂ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး တချို့မှာ နေရပ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း အပြင်းအထန် ဒဏ်ရာရရှိသူ ၁၂ ဦးအပါအဝင် အခြားသူများကမူ ဆေးရုံ၌ ကုသမှုခံယူလျက် ရှိကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Dead toll rises to 23 in volcanic eruption in Indonesia’s Sumatra
The number of climbers who died in the eruption of the Marapi volcano on Indonesia’s Sumatra Island has reached 23, according to the West Sumatra Natural Resources Conservation Agency on Tuesday.
“Twenty bodies have been taken to hospital. Three others are in the process of being evacuated,” said the agency’s acting head Dian Indriati.
Of the total 75 climbers, 52 survivors have been successfully evacuated. While some have already returned home, others, including 12 individuals who were seriously injured, are still undergoing medical treatment in hospitals.
Xinhua News Agency correspondents reporting from Jakarta.(XHTV)