Connect with us

Politics, Law & Military

ထိုင်ဝမ် ခေါင်းဆောင်နှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးမှု စတင်

ထိုင်ပေ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသခံများသည် ယင်းဒေသ၏ ခေါင်းဆောင်နှင့် ဥပဒေပြုလွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးမှုကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် မဲပေးမှုပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးအနေဖြင့် ခေါင်းဆောင်ရွေးကောက်ပွဲအတွက် မဲတစ်စောင် ဆန္ဒပြုရမည်ဖြစ်ကြောင်း၊ ဥပဒေပြုလွှတ်တော်အတွက် ဆန္ဒပြုရမည့် မဲနှစ်စောင်အနက် တစ်စောင်မှာ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲဆိုင်ရာ ခရိုင်ကိုယ်စားပြု ကိုယ်စားလောင်းတစ်ဦးအတွက်ဖြစ်ပြီး အခြားတစ်စောင်မှာမူ နိုင်ငံရေးပါတီအတွက် ဖြစ်ကြောင်း ထိုင်ဝမ် ရွေးကောက်ပွဲရေးရာအေဂျင်စီအရ သိရသည်။

ထိုင်ဝမ်ဒေသ ခေါင်းဆောင်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၃ တွဲရှိရာ ၎င်းတို့မှာ တရုတ်ကူမင်တန်ပါတီအား ကိုယ်စားပြုကြသော Hou Yu-ih နှင့် Jaw Shaw-kong ၊ ထိုင်ဝမ်ပြည်သူ့ပါတီအား ကိုယ်စားပြုကြသော Ko Wen-je နှင့် Wu Hsin-ying ၊ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအား ကိုယ်စားပြုကြသော Lai Ching-te နှင့် Hsiao Bi-khim တို့ဖြစ်သည်။ထိုင်ဝမ်ဒေသ၏ ဥပဒေပြုလွှတ်တော်တွင် တိုက်ရိုက်ခန့်အပ်ခံရသော ဒေသဆိုင်ရာအမတ်နေရာ ၇၃ နေရာ အပါအဝင် အမတ်နေရာ ၁၁၃ နေရာရှိကြောင်း သိရသည်။ဆန္ဒမဲရလဒ်များကို ဇန်နဝါရီ ၁၃ ရက် နှောင်းပိုင်းတွင် ကြေညာနိုင်ဖွယ်ရှိကြောင်း ရွေးကောက်ပွဲရေးရာအေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
Polls open for Taiwan leadership, legislature elections
TAIPEI, Jan. 13 (Xinhua) — Taiwan residents began voting in the island’s leadership and legislature elections at 8 a.m. Saturday and the polls will close at 4 p.m.
Each eligible voter will cast one ballot for the leadership election, while two votes will be cast for the legislature election, one for a candidate representing the voter’s electoral district and the other for a political party, according to the island’s electoral affairs agency.
Three pairs of candidates have registered for the region’s leadership election, namely Hou Yu-ih and Jaw Shaw-kong representing the Chinese Kuomintang party, Ko Wen-je and Wu Hsin-ying representing the Taiwan People’s Party, as well as Lai Ching-te and Hsiao Bi-khim representing the Democratic Progressive Party.
The island’s legislature has 113 seats, including 73 directly elected regional seats.
Voting results are expected to be announced late Saturday, according to the electoral affairs agency.