Connect with us

China

ရှီက ဒိန်းမတ်နိုင်ငံ၏ ထီးနန်းဆက်ခံသော ဘုရင်အသစ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၊ Christiansborg နန်းတော်၏ လသာဆောင်၌ ဒိန်းမတ်နိုင်ငံ၏ ထီးနန်းဆက်ခံသည့် ဘုရင်အသစ် Frederik X နှင့် ဘုရင်၏ မိသားစုက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ထီးနန်းဆက်ခံသည့် ဒိန်းမတ်ဘုရင်သစ် Frederik X ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဇန်နဝါရီ ၁၄ ရက်က ပေးပို့ခဲ့သည်။

တရုတ်-ဒိန်းမတ် ဆက်ဆံရေးသည် လွန်ခဲ့သည့် ၇၄ နှစ်မှစ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်ပယ်အသီးသီးတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုမှာလည်း ပိုမိုနက်ရှိုင်းလာကြောင်း ရှီကပြောခဲ့သည်။

တရုတ်-ဒိန်းမတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဘုရင် Frederik X နှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီက ၎င်း၏သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်၌ ထီးနန်းစွန့်ကြောင်း ကြေညာခဲ့သော ဒိန်းမတ်ဘုရင်မ Margrethe II ထံသို့လည်း ရှီက ဆုတောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Xi congratulates Danish King Frederik X on enthronement
BEIJING, Jan. 15 (Xinhua) — Chinese President Xi Jinping sent congratulations on Sunday to new Danish King Frederik X on his accession to the throne.
Xi said that China-Denmark relations have achieved rapid growth since the establishment of bilateral diplomatic ties 74 years ago, with bountiful cooperation results in various fields and the friendship between the peoples increasingly deepening.
He said he highly regards the development of China-Denmark relations, and is willing to work with King Frederik X to constantly elevate the comprehensive strategic partnership between the two countries, so as to bring more benefits to the two peoples.
Xi also sent regards and blessings to former Danish Queen Margrethe II who announced her abdication on Sunday. Enditem
The family of Denmark’s newly proclaimed King Frederik X wave on the balcony of Christiansborg Palace in Copenhagen, Denmark, Jan. 14, 2024. (Xinhua/Lin Jing)