Connect with us

China

ပါလက်စတိုင်းအရေး အဖြေရှာရန် နိုင်ငံတကာ ငြိမ်းချမ်းရေးကွန်ဖရင့်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရန် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း အကောင်အထည်ဖော်မည့် လမ်းပြမြေပုံတစ်ခု ဖော်ထုတ်ရန် ပိုမိုပြည့်စုံ ခိုင်မာ၍ ထိရောက်မှုရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေးကွန်ဖရင့်တစ်ရပ် ဖြစ်မြောက်ရေးအတွက် ဇန်နဝါရီ ၁၄ ရက်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း တိုက်တွန်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောလျင်စွာ ပြန်လည်စတင်ရေး၊ ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုအား အဆုံးတိုင်နားလည်သဘောပေါက်လက်ခံရေး၊ အာရပ်နှင့် ဂျူး ပြည်သူများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကိုလည်း ဝမ်က ပြောကြားခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို ဖြေရှင်းရေးအတွက် အောက်ဖော်ပြပါ အဆိုပြုချက် လေးရပ်ကို ဝမ်က အဆိုပြုခဲ့သည်။

ပထမအနေဖြင့် လက်ရှိအချိန်တွင် ဂါဇာပဋိပက္ခ ဆောလျင်စွာ အဆုံးသတ်ရန်က အဓိကဦးစားပေးဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ငင်းဆောင်ရွက်လုပ်ဆောင်ရမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲမှု ရရှိရေး၊ အရပ်သားများ ဘေးကင်းရေး ကာကွယ်ရေးနှင့် ထပ်မံ၍ လူ့အသက်ဆုံးရှုံးမှုများကို ရှောင်ရှားရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအားလုံးကို အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

ဒုတိယအချက်မှာ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်ပေးပို့နိုင်ရန်က ကျင့်ဝတ်တာဝန်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသသို့ တတိယအကြိမ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

တတိယအချက်အနေဖြင့် ဂါဇာဒေသ၏ အနာဂတ်အစီအစဉ်များ ဖော်ဆောင်ရာတွင် ပါလက်စတိုင်းပြည်သူများ၏ သဘောဆန္ဒကို အပြည့်အဝ လေးစားရမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲခြင်းနှင့် စစ်ရပ်နားခြင်းတို့သည် ဂါဇာဒေသ၏ စီမံအုပ်ချုပ်မှုအတွက် အခြေခံမရှိမဖြစ်လိုအပ်ချက်များဖြစ်သည်။ “ပါလက်စတိုင်းပြည်သူများက ပါလက်စတိုင်းကို အုပ်ချုပ်ရမည်” ဟူသောအချက်က ဂါဇာဒေသအနာဂတ်ကို ဆွေးနွေးရာ၌ အခြေခံစည်းမျဉ်းဖြစ်ရမည်။ ပါလက်စတိုင်းအာဏာပိုင်၏ အင်အား တောင့်တင်းခိုင်မာခြင်းနှင့် ပါလက်စတိုင်း၏ ပြည်တွင်း ပြန်လည်ပေါင်းစည်းမှုကို ထောက်ခံခြင်းက “ပါလက်စတိုင်းပြည်သူများက ပါလက်စတိုင်းကို အုပ်ချုပ်ရမည်” ဟူသောအချက်ကို ခိုင်မာမှုရှိစေရန်စစ်မှန်သောချဉ်းကပ်မှုလည်းဖြစ်သည်။

စတုတ္ထအချက်မှာမူ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း အကောင်အထည်ဖော်ခြင်းသည် ပါလက်စတိုင်းအရေးကို တရားနည်းလမ်းကျစွာ ပြေလည်မှုရရှိရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ပါလက်စတိုင်းအရေး ဖြေရှင်းမှု၏ အနှစ်သာရသည် သမိုင်းဝင်တရားမမျှတမှုကို မှန်ကန်စေရန် ပြင်ပေးခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Chinese FM calls for int’l peace conference to settle Palestinian issue
CAIRO, Jan. 14 (Xinhua) — Chinese Foreign Minister Wang Yi on Sunday called for the convening of a more comprehensive, authoritative and effective international peace conference to formulate a road map for implementing the two-state solution to settle the Israeli-Palestinian conflict.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, issued the call during a joint press conference with Egyptian Foreign Minister Sameh Shoukry in the Egyptian capital of Cairo.
He expressed China’s support for the resumption of the Israeli-Palestinian peace talks as soon as possible, the final realization of peaceful coexistence between Palestine and Israel, and the harmonious coexistence of Arab and Jewish peoples.
Wang also put forward a four-point proposal for resolving the conflict in the Palestinian enclave of the Gaza Strip.
Firstly, the overriding priority now is to end the Gaza conflict as soon as possible. The international community must take immediate action and focus all efforts on achieving a ceasefire, protecting the safety of civilians, and avoiding the loss of more lives.
Secondly, it is a moral responsibility to ensure the urgent delivery of humanitarian aid to the Gaza Strip. China has decided to provide the third batch of humanitarian aid to Gaza.
Thirdly, the will of the Palestinian people must be fully respected regarding the future arrangements of Gaza. Ceasefire and cessation of war are the fundamental prerequisites for the governance of Gaza. “The Palestinians governing Palestine” is the basic principle for discussing the future of Gaza. Strengthening the power of the Palestinian Authority and supporting Palestine’s internal reconciliation is the realistic approach to ensuring “the Palestinians governing Palestine.”
Fourthly, the implementation of the two-state solution is the only way to achieve a just settlement of the Palestinian issue. The essence of settling the Palestinian issue is to correct historical injustice.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, and Egyptian Foreign Minister Sameh Shoukry jointly meet the press after their talks in Cairo, Egypt, Jan. 14, 2024. (Xinhua/Wang Dongzhen)