Connect with us

Economy

တရုတ်မော်တော်ကားထုတ်လုပ်သူက ကိုယ်ပိုင်ကုန်တင်သင်္ဘောအုပ်စုဖြင့် ပို့ကုန်တိုးတက်ရေးအတွက် မြှင့်တင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ Xiaomo အပြည်ပြည်ဆိုင်ရာ ထောက်ပံ့သယ်ပို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော မော်တော်ယာဉ်တင်သင်္ဘော "BYD EXPLORER NO.1" ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားထုတ်လုပ်ရေး BYD ကုမ္ပဏီထံ ငှားရမ်းထားသော မော်တော်ယာဉ်တင်သင်္ဘော”BYD EXPLORER NO.1″ ၏ ပွဲဦးထွက်ပင်လယ်ခရီးစဉ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ သင်္ဘောသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEVs) အစီးရေ ၅,၀၀၀ ကျော် တင်ဆောင်လျက် နယ်သာလန်နိုင်ငံ Vlissingen မြို့ရှိ ဆိပ်ကမ်းနှင့် ဂျာမနီနိုင်ငံ Bremerhaven မြို့ရှိ ဆိပ်ကမ်းဆီသို့ ခုတ်မောင်းသွားမည်ဖြစ်သည်။
၎င်းသင်္ဘောကို တရုတ် အပြည်ပြည်ဆိုင်ရာရေကြောင်းကွန်တိန်နာ (အုပ်စု) ကုမ္ပဏီလီမိတက် (CIMC) ၏ လုပ်ငန်းခွဲဖြစ်သော CIMC Raffles က Zodiac Maritime နိုင်ငံတကာ သင်္ဘောစီမံခန့်ခွဲမှုအတွက် တည်ဆောက်ထားခြင်းဖြစ်ပြီး BYD ကုမ္ပဏီထံ ငှားရမ်းထားခြင်းဖြစ်ကြောင်း CIMC အရ သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ Xiaomo အပြည်ပြည်ဆိုင်ရာ ထောက်ပံ့သယ်ပို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော မော်တော်ယာဉ်တင်သင်္ဘော “BYD EXPLORER NO.1” ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ Xiaomo အပြည်ပြည်ဆိုင်ရာ ထောက်ပံ့သယ်ပို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော မော်တော်ယာဉ်တင်သင်္ဘော “BYD EXPLORER NO.1” ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ Xiaomo အပြည်ပြည်ဆိုင်ရာ ထောက်ပံ့သယ်ပို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော မော်တော်ယာဉ်တင်သင်္ဘော “BYD EXPLORER NO.1” ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုသင်္ဘောအား တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် Longkou မြို့ရှိ တည်ဆောက်ရေး အခြေစိုက်စခန်းသို့ ဇန်နဝါရီ ၉ ရက်၌ လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး Yantai ဆိပ်ကမ်းသို့ မထွက်ခွာမီ NEVs ပထမအသုတ် အစီးရေ ၁,၃၈၉ စီးကို တင်ဆောင်ခဲ့ကြောင်း၊ ယင်းသင်္ဘောသည် ဇန်နဝါရီ ၁၄ ရက်က ဆန်းကျန့်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဒုတိယအသုတ်အနေဖြင့် NEVs အစီးရေ ၄,၀၀၀ ခန့်တင်ဆောင်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန၏ ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၅.၂၂ သန်းအထိ ရှိခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၅၇.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
Chinese automakers embrace export boom with own shipping fleets
SHENZHEN, Jan. 15 (Xinhua) — “BYD EXPLORER NO.1,” a vehicle carrier vessel leased to Chinese automaker BYD, held its maiden voyage ceremony on Monday at a port in Shenzhen, south China’s Guangdong Province.
With more than 5,000 new energy vehicles (NEVs) on board, it will set sail for the ports of Vlissingen in the Netherlands and Bremerhaven in Germany.
According to China International Marine Containers (Group) Co., Ltd. (CIMC), the vessel was built by CIMC Raffles, a subsidiary of CIMC, for international ship management company Zodiac Maritime, and was leased to BYD.
The vessel was delivered on Tuesday to a construction base in Longkou, east China’s Shandong Province, before sailing to Yantai Port to be loaded with the first batch of 1,389 NEVs. On Sunday, the vessel arrived at Shenzhen and was loaded with the second batch of some 4,000 NEVs.
According to China’s General Administration of Customs, China’s auto exports surged to 5.22 million vehicles in 2023, up 57.4 percent year on year.
Photo 1-4: Vehicle carrier vessel “BYD EXPLORER NO.1” arrives at Xiaomo International Logistics Port in Shenzhen, south China’s Guangdong Province, Jan. 14, 2024. (Xinhua)