Connect with us

မြန်မာ-ENG

ယူကရိန်းနိုင်ငံဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု အပြီး ရုရှားနိုင်ငံ Voronezh မြို့အား အရေးပေါ် အခြေအနေ ကြေညာ

မော်စကို၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ခံရပြီးနောက် ရုရှားနိုင်ငံ Voronezh မြို့ကို ဇန်နဝါရီ ၁၆ ရက်၌ အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း မြို့တော်ဝန် Vadim Kstenin က ပြောကြားခဲ့သည်။“ကော်မရှင်အနေနဲ့ တိုက်ခိုက်ခံရတဲ့ အိမ်နဲ့ အနီးဝန်းကျင်က အိမ်တွေအပြင် ယင်းနယ်မြေမှာရှိတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း နှစ်မျိုးစလုံးရဲ့ ပျက်စီးဆုံးရှုံးမှုတွေရဲ့ ပမာဏကို ဆုံးဖြတ်သတ်မှတ်မှာ ဖြစ်ပါတယ်” ဟု Kstenin က လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိရန် အနီးနားရှိ စာသင်ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားကြောင်း၊ လိုအပ်သည့် ဆောင်ရွက်မှုများ အားလုံးအား အခင်းဖြစ်ပွားရာနေရာ၌ လုပ်ဆောင်လျက်ရှိကြောင်း Kstenin က ဖြည့်စွက် ပြောကြားခဲ့သည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် Voronezh မြို့အပေါ် ယူကရိန်းနိုင်ငံဘက်မှ ဒရုန်းများ၏တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ကာ အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voronezh ဒေသ၏အုပ်ချုပ်ရေးမှူး Alexander Gusev က အစောပိုင်းတွင် ပြောကြားခဲ့သည်။Voronezh ဒေသ၌ ယူကရိန်းနိုင်ငံဘက်မှ ဒရုန်းသုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
—————————–
#Russia #Moscow #Ukraine #DroneAttack
Russian city Voronezh declares emergency after Ukrainian drone attack
MOSCOW, Jan. 16 (Xinhua) — The Russian city of Voronezh declared a state of emergency on Tuesday after an attack by Ukrainian drones, Mayor Vadim Kstenin said.
“A commission will assess the damage to the affected house and the neighboring ones, as well as to the territory — both real and movable property,” Kstenin said on social media.
A nearby school was opened to host the evacuated residents, Kstenin said, adding that all services were working on the scene.
Earlier, Governor of the Voronezh region Alexander Gusev said that the Russian air defense forces repelled an attack by Ukrainian drones over Voronezh, during which several houses were damaged, and an 11-year-old girl was injured.
The Russian Defense Ministry reported that three Ukrainian drones were shot down over the Voronezh region. Enditem
A “No Fly Zone” sign is seen near the Kremlin in Moscow, Russia, on May 3, 2023. (Photo by Alexander Zemlianichenko Jr/Xinhua)