Connect with us

China

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၃.၃၈ သန်းနီးပါးရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် 5G အခြေစိုက်စခန်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယမန်နှစ်က 5G တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ခိုင်မာသည့် တိုးတက်မှုကို ရရှိခဲ့ပြီး 5G အခြေစိုက်စခန်းအရေအတွက်မှာ ၃.၃၈ သန်းနီးပါးအထိ တိုးလာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) က ဇူလိုင် ၁၉ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ၌ 5G အသုံးပြုစက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက် စီမံကိန်းပေါင်း ၁၀,၀၀၀ ကျော်ရှိကာ 5G ရှေ့ပြေး application များကို ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပညာရေးလုပ်ငန်းများ စသည့် အဓိကနယ်ပယ်များတွင် ကျယ်ပြန့်စွာတိုးချဲ့အသုံးပြုရေးအတွက် အထောက်အကူပြုရန် စတင်အသုံးပြုခဲ့ကြောင်း MIIT ၏ သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီး Xin Guobin က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူသည် ယမန်နှစ်ကုန်တွင် ၈၀၅ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

သုတေသနအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ်တွင် 5G ကစီးပွားရေးစွမ်းဆောင်မှု ယွမ် ၁.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၁.၃၆ ဘီလီယံခန့်) အထိဖန်တီးရန် အထောက်အကူပြုမည်ဟူ မျှော်လင့်ထားပြီး ၂၀၂၂ ခုနှစ်က မှတ်ပုံတင်ထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း တိုးလာကြောင်း Xin က ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
China home to nearly 3.38 mln 5G base stations
BEIJING, Jan. 19 (Xinhua) — China made solid progress in 5G innovation and development last year, with the number of 5G base stations increasing to nearly 3.38 million, the Ministry of Industry and Information Technology (MIIT) said Friday.
By the end of last year, the country had more than 10,000 5G-powered industrial internet projects and 5G pilot applications were launched in key areas such as cultural tourism, medical care and education to help restore and expand consumption, said Xin Guobin, vice minister of MIIT, at a press conference.
The country’s 5G mobile phone users reached 805 million by the end of last year, he added.
According to the estimates of research institutions, 5G is expected to help create an economic output of 1.86 trillion yuan (about 261.36 billion U.S. dollars) in 2023, an increase of 29 percent compared with the figure registered in 2022, Xin said. Enditem
Photo: Aerial photo taken on April 15, 2020 shows people working at the construction site of a 5G base station in Chongqing, southwest China. (Xinhua/Wang Quancha)