Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၄၇ ဦး နစ်မြုပ်နေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇန်နဝါရီ ၂၂ ရက် အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၄၇ ဦး မြေအောက်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ထုံမြို့၊ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၅:၅၁ နာရီက မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်ယာဉ် ၃၃ စီးနှင့် စက်ယန္တရား ၁၀ စီးနှင့်အတူ ကယ်ဆယ်ရေးသမား ၂၀၀ ကျော်က ပျောက်ဆုံးသူများကို ရှာဖွေရန် အပျက်အစီးများအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြေအောက်နစ်မြုပ်သွားသော ရွာသူ/ရွာသားများမှာ အိမ်ထောင်စု ၁၈ စုမှဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာနချုပ်ထံမှ သိရသည်။

ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျှော့ချရေးကော်မရှင်က အဆိုပါ သဘာဝဘေးကို အရေးပေါ်တုံ့ပြန်ရေးအဆင့် ၃ အဖြစ် သတ်မှတ်ထားခဲ့ပြီး ဒေသခံ ၂၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဒေသန္တရမိုးလေဝသ ခန့်မှန်းချက်အရ ယင်းမြို့တွင် ဇန်နဝါရီ ၂၃ ရက်၌ အပူချိန် အနုတ် ၃ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးရောက်ရှိမည်ဖြစ်ကာ ဆီးနှင်းများကျဆင်းမည်ဟု ပြောကြားထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
47 buried in southwest China’s landslide
KUNMING, Jan. 22 (Xinhua) — A total of 47 people were buried in a landslide that struck southwest China’s Yunnan Province early Monday.
More than 200 rescuers together with 33 firefighting vehicles and 10 loading machines were combing the debris to search for the missing, after the disaster happened in the Liangshui Village, Tangfang Town in the city of Zhaotong at 5:51 a.m. on Monday.
The buried villagers were from 18 households, according to the headquarters for the disaster relief.
More than 200 residents were evacuated as the provincial commission for disaster reduction activated a Level-III emergency response for disaster relief.
Local weather forecast said there will be light snow in the town on Tuesday, with the lowest temperature expected to reach minus three degrees Celsius.
Photo 1, 2: This screenshot captured on Jan. 22, 2024 shows rescuers working at the site of a landslide in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province. (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.