Connect with us

Myanmar

မြန်မာနိုင်ငံ တောင်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် (မက်သ် အဖက်တမင်း) ၁၇၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တာဝန်ရှိသူများက စိတ်ကြွရူးသွပ်ဆေးပြား ၅.၂၃ သန်း၊ အိုက်စ် (မက်သ် အဖက်တမင်း) ၁၇၀ ကီလိုဂရမ်နှင့် Happy Water ၂.၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေရာ သံသေတ္တာများအတွင်းမှ ဖုံးအုပ်တင်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသော စိတ်‌ပြောင်းဆေးဝါးများသည် ဒေသကာလတန်ဖိုး ငွေကျပ် ၁၄.၁ ဘီလီယံခန့် ရှိကြောင်း၊ ယင်းအမှုနှင့်ဆက်စပ်သော သံသယတရားခံ ၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ထို စိတ်ကြွရူးသွပ်ဆေးဝါးများကို ရှမ်းပြည်နယ် တောင်ပိုင်းမှ သယ်ဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
သံသယရှိသူများအား ဥပဒေအရေ အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Over 5 mln stimulant tablets, over 170 kg of narcotics seized in southern Myanmar

YANGON, Dec. 28 (Xinhua) — Myanmar authorities have seized 5.23 million stimulant tablets, 170 kg of ICE (methamphetamine) and 2.6 kg of Happy Water in southern Myanmar’s Bago region, the state-run daily The Mirror reported on Saturday.
Acting on a tip-off, anti-narcotics police searched a vehicle in Bago town of Bago region on Dec. 20, and confiscated the narcotics hidden in iron boxes, the report said.
The seized narcotics are approximately worth over 14.1 billion kyats (about 6.71 million U.S. dollars), and four suspects were arrested for the case, it said.
Investigation showed that the narcotics came from southern Shan state and were intended to be transported to Yangon region, Rakhine state, and Kayin state, it said.
The suspects have been charged under the country’s law, and further investigations are ongoing, it added.