Connect with us

China

တရုတ်နှင့် စင်ကာပူ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ်ရရှိ

စင်ကာပူနိုင်ငံရှိ Singapore Formula One Grand Prix ပြိုင်ပွဲလမ်းကြောင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြပြီး ဖေဖော်ဝါရီ ၉ ရက်၌ အသက်ဝင်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများနှင့် စင်ကာပူနိုင်ငံသားများအနေဖြင့် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ဝင်ရောက်နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူး နဂါးနှစ်အကြိုနေ့တွင် စတင်အသက်ဝင်မည့် အဆိုပါ သဘောတူစာချုပ်သည် နှစ်နိုင်ငံပြည်သူများအတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်သည်မှာ ယုံမှားနိုင်ဖွယ်မရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု ထပ်မံမြှင့်တင်ပေးမည်ဖြစ်သလို တရုတ်-စင်ကာပူဆက်ဆံရေးနှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေးကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

စင်ကာပူနိုင်ငံ Jewel Changi လေဆိပ်တွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေကြသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version0
China, Singapore sign mutual visa exemption agreement
BEIJING, Jan. 25 (Xinhua) — China and Singapore signed a mutual visa exemption agreement in Beijing on Thursday, which will come into effect from Feb. 9, according to the Chinese foreign ministry.
Chinese and Singaporean citizens holding ordinary passports will be allowed to enter and stay in each other’s countries visa-free for up to 30 days, said Chinese foreign ministry spokesperson Wang Wenbin at a daily press briefing.
Wang said that the agreement, to take effect on the eve of the Chinese Lunar New Year of the Dragon, is undoubtedly a New Year gift for the people of the two countries. It will further boost people-to-people exchanges and advance China-Singapore relations and cooperation in various fields, he added.
Photo 1: This photo taken on Sept. 13, 2023 shows the race track of Singapore Formula One Grand Prix in Singapore. (Photo by Then Chih Wey/Xinhua)
Photo 2: Tourists visit the Jewel Changi Airport in Singapore on Sept. 7, 2023. (Photo by Then Chih Wey/Xinhua)