Connect with us

Africa & Middle East

နျူကလီးယားစက်ရုံများကို ဖျက်ဆီးရန် အနောက်အုပ်စု အေဂျင်စီများက ယူကရိန်းကို လေ့ကျင့်ပေးနေကြောင်း ရုရှားပြောကြား

မော်စကို၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနျူကလီးယားဓာတ်အားပေးစက်ရုံများအား ရန်စမှုများ ပြုလုပ်ရန် ယူကရိန်းကို အနောက်အုပ်စု၏ ထောက်လှမ်းရေးအေဂျင်စီများက လေ့ကျင့်ပေးလျက်ရှိကြောင်း ရုရှားနိုင်ငံရပ်ခြားထောက်လှမ်းရေးဌာနမှ အကြီးအကဲက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ရန်စမှုတွေ ပြုလုပ်မယ့် အစီအစဉ်တွေ ပါဝင်တဲ့ ယူကရိန်း ဖောက်ခွဲရေးနဲ့ ကင်းထောက်အဖွဲ့တွေကို အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက လေ့ကျင့်ပေးတယ်ဆိုတာကို အဓိကအားဖြင့် ဗြိတိန် MI6 က လေ့ကျင့်ပေးနေတာကို ဥပမာပေးနိုင်ပါတယ်”ဟု ရုရှားသတင်းဌာန RIA Novosti နှင့်အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံရပ်ခြားထောက်လှမ်းရေးဌာနမှ ညွှန်ကြားရေးမှူး Sergei Naryshkin ကဖြေကြားခဲ့သည်။

အဆိုပါ အဖျက်အမှောင့်အဖွဲ့များအနက်မှ ဖမ်းဆီးခံထားရသော အဖွဲ့ဝင်များသည် ဗြိတိန်နည်းပြဆရာများ၏ လမ်းညွှန်မှုဖြင့် လေ့ကျင့်သင်ကြားခဲ့ကြောင်း ဖြောင့်ချက်ပေးဝန်ခံခဲ့သည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Russia says Western agencies training Ukrainians for sabotage against nuclear plants
MOSCOW, Jan. 26 (Xinhua) — Western intelligence agencies are training Ukrainian saboteurs to carry out provocations against Russian nuclear power plants, the Russian foreign intelligence head said Friday.
“I can give examples when Western intelligence services, primarily the British MI6, are training Ukrainian sabotage and reconnaissance groups whose plans include carrying out provocations at nuclear power plants in the Russian Federation,” Sergei Naryshkin, director of the Russian Foreign Intelligence Service, told Russian’s RIA Novosti news agency in an interview.
In September 2023, Russian President Vladimir Putin said the detained members of one of those sabotage groups confessed that they were trained under the guidance of British instructors. Enditem