Connect with us

Africa & Middle East

ခန်ယွန်းနစ်မြို့ရှိ ဆေးရုံများကို လုပ်ငန်းဆောင်ရွက်၍မရအောင် အစ္စရေးက ပြုလုပ်ထားကြောင်း ဟားမက်စ်ပြော

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုပြီးနောက် အပျက်အစီးများကို ကြည့်ရှုနေသူတစ်ဦးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း သေဆုံးသူများ မြင့်တက်လျက်ရှိသလို ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း၊ ခန်ယွန်းနစ်မြို့ရှိ ဆေးရုံများကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းထားကာ လုပ်ငန်းဆောင်ရွက်၍မရအောင် ပြုလုပ်ထားကြောင်း ဟားမက်စ်အဖွဲ့က ဇန်နဝါရီ ၂၅ ရက်၌ စွပ်စွဲခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုပြီးနောက် အပျက်အစီးများကို ကြည့်ရှုနေသူများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခန်ယွန်းနစ်မြို့ရှိ ဆေးရုံများမှာ အစ္စရေးစစ်တပ်၏ ဝိုင်းထားခြင်းကြောင့် လုပ်ငန်းလုံးဝလည်ပတ်၍မရကြောင်းနှင့် ဆေးရုံကားများ သွားလာမှုကိုလည်း အဟန့်အတားဖြစ်စေကြောင်း ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်အဖွဲ့က လည်ပတ်သော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံက လွန်ခဲ့သော ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ မိသားစုများအား ၂၁ ကြိမ် တိုက်ခိုက်ခဲ့ရာ လူ ၂၀၀ သေဆုံး၍ ၃၇၀ ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ပါလက်စတိုင်းနယ်မြေတွင် သေဆုံးသူအရေအတွက်မှာ ၂၅,၉၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပျက်စီးနေသော ဂါဇာမြောက်ပိုင်းရှိ ဆေးရုံများအား ဆေးအဖွဲ့များက တစ်စိတ်တစ်ပိုင်း ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဂါဇာရှိ ဆေးရုံများအား ကျန်းမာရေး အထောက်အကူပစ္စည်းများ ပံ့ပိုးနိုင်ရေးနှင့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအကူအညီများမှာ ဂါဇာဒေသအတွင်း ဝင်ရောက်ရန် အကန့်အသတ်ဖြစ်နေကြောင်း၊ အကူအညီ ၇၀ ရာခိုင်နှုန်းမှာ အသုံးပြု၍မရနိုင်ဖြစ်နေကာ အခြေခံလိုအပ်ချက်များမှာလည်း ပြတ်လပ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအား ဒေသတွင်းဆေးရုံများကို ကာကွယ်ရန်နှင့် ဆေးဝါးများ၊ အစားအစာနှင့် လောင်စာအပြင် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ကြပါရန် ဝန်ကြီးဌာနက ပြောကြားထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Hamas accuses Israel of paralyzing hospitals in Khan Younis
GAZA, Jan. 25 (Xinhua) — The Palestinian Resistance Movement (Hamas) on Thursday accused Israeli forces of encircling and paralyzing the hospitals in the southern Gaza city of Khan Younis, as the Palestinian death toll kept rising.
The Hamas-run Health Ministry in the Gaza Strip said in a statement that the Israeli army’s besiegement has rendered the hospitals in Khan Younis completely paralyzed and hindered the movement of ambulances.
It added that Israel conducted 21 attacks against families in the Gaza Strip over the past 24 hours, resulting in 200 deaths and 370 injuries, raising the total Palestinian death toll in the Palestinian enclave since Oct. 7, 2023 to 25,900.
Currently, medical teams are working to resume partial operation of the hospitals in northern Gaza that were damaged by Israeli attacks.
Efforts were also underway, in collaboration with international organizations, to provide medical supplies and fuel to restore the operation of the hospitals in Gaza.
Medical aid has been entering the besieged enclave in limited quantities, falling far short of basic needs, while 70 percent of the aid is deemed unusable, according to the statement.
The ministry called on the International Committee of the Red Cross and United Nations institutions to protect local hospitals, and step up the delivery of medicines, food and fuel, among other humanitarian aid.
Photo 1: A man inspects the damage after an Israeli airstrike in the southern Gaza Strip city of Rafah, on Jan. 25, 2024. (Photo by Yasser Qudih/Xinhua)
Photo 2: A man inspects the damage after an Israeli airstrike in the southern Gaza Strip city of Rafah, on Jan. 25, 2024. (Photo by Yasser Qudih/Xinhua)