Connect with us

Asia

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ပထမဆုံး ကြက်ငှက်တုပ်ကွေးရာသီစတင်၊ ငှက်အကောင်ရေ ၅၀,၀၀၀ သုတ်သင်ရှင်းလင်း

ဂျပန်နိုင်ငံ အီဘာရာကီစီရင်စု၊ ကာဆာမာမြို့တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ယခုနှစ် ဆောင်းဦးနှင့် ဆောင်းရာသီကာလအတွင်း ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို အတည်ပြုပြီးနောက် ဇန်နဝါရီ ၅ ရက်၌ ငှက်အကောင်ရေ ၅၀,၀၀၀ ခန့် စတင်သုတ်သင်ရှင်းလင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်နိုင်ငံ ဂီဖူစီရင်စု၊ ယာမာဂါတာမြို့တွင် ကြက်အကောင်ရေ ၅၀,၀၀၀ ခန့်ရှိသော မွေးမြူရေးခြံတွင် ဇန်နဝါရီ ၄ ရက်က ကြက်များသေဆုံးမှုနှုန်း မြင့်တက်နေကြောင်း ဒေသခံအာဏာပိုင်များက သတင်းများရရှိပြီးနောက် အဆိုပါ မွေးမြူရေးခြံအား နိုင်ငံအတွင်း ခြောက်ခုမြောက် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှု မြင့်မားစွာဖြစ်ပွားလျက်ရှိကြောင်း အတည်ပြုခဲ့ပြီး အရေးယူဆောင်ရွက်မှုများ လျင်မြန်စွာလုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ဇန်နဝါရီ ၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရောဂါကူးစက်မှုရှိသော ထိုမွေးမြူရေးခြံရှိ ငှက်အကောင်ရေ ၅၀,၀၀၀ အကုန်လုံးကို တားဆီးကာကွယ်ရေးလုပ်ငန်းအား ဇန်နဝါရီ ၅ ရက်တွင် စတင်ခဲ့ကာ ဇန်နဝါရီ ၆ ရက်၌ ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ ယင်းနေရာမှ ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာအတွင်းရှိ အသားနှင့် ဥများအား သတ်မှတ်ဇုန်ပြင်ပသို့ သယ်ယူပို့ဆောင်မှုကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ထိုသတ်မှတ်ဇုန်အတွင်းရှိ မွေးမြူရေးခြံ ၂၅ ခုမှ ကြက်/ငှက်အကောင်ရေ ၁၅၈,၀၀၀ ခန့်ကိုလည်း ရွှေ့ပြောင်းမှု သို့မဟုတ် သယ်ယူပို့ဆောင်မှုအား ကန့်သတ်ထားမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရာသီမှာ ပုံမှန်အားဖြင့် နှစ်စဉ် အောက်တိုဘာလတွင် စတင်လေ့ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Central Japan reports 1st avian flu outbreak of season, culling 50,000 birds
TOKYO, Jan. 5 (Xinhua) — Central Japan on Friday started culling about 50,000 birds after the region confirmed the first highly pathogenic avian influenza outbreak during the autumn and winter season this year, according to the Ministry of Agriculture, Forestry, and Fisheries of Japan.
A highly pathogenic avian influenza outbreak, the sixth reported case in Japan, has been confirmed on a farm housing about 50,000 chickens in the city of Yamagata in Gifu prefecture, after local authorities received reports on Thursday of an increased mortality rate among chickens at the farm, prompting swift action, based on the ministry’s press release on Friday.
The preventive operation of culling all 50,000 birds on the affected farm started on Friday and is expected to conclude by Saturday, while the transportation of poultry and egg products within a 10 km radius of the outbreak’s epicenter from the affected farm to areas outside the designated zone was restricted.
Approximately 158,000 birds across 25 poultry farms within this restricted zone will be subject to limitations on movement and transportation.
The bird flu season in Japan typically begins in October each year.
Photo: Staff workers perform a disinfecting operation in Kasama, Ibaraki prefecture, Japan, Nov. 27, 2023. (Xinhua)