Connect with us

Media

အင်ဒိုနီးရှားနိုင်ငံ၌ ရထားတိုက်မိမှုကြောင့် လူ ၃ ဦး သေဆုံး ၊ ၁၀ ဦးကျော် ဒဏ်ရာရရှိ

ဂျကာတာ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိမှုဖြစ်ပွားကာ လူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သေဆုံးသူများမှာ ရထားမောင်းနှင်သူတစ်ဦး ၊ ၎င်း၏ လက်ထောက်နှင့် အမှုထမ်းတစ်ဦးတို့ ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းကော်မရှင်နာ Ibrahim Tompo က ဒေသတွင်းမီဒီယာ MetroTV နှင့် တိုက်ရိုက် အင်တာဗျူး မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
3 killed, more than 10 injured in Indonesia’s train accident
Three people were killed and more than 10 others injured as two trains were involved in a face-to-face collision in Indonesia’s West Java province, a police officer said.
The casualties were a train driver, his assistant and an employee, police spokesman of the provincial Police Office Senior Commissioner Ibrahim Tompo said in a live interview with local media MetroTV.
Xinhua News Agency correspondents reporting from Jakarta.(XHTV)