China
တရုတ်နိုင်ငံက အမေရိကန်ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီ ၅ ခုကို တန်ပြန်အရေးယူပိတ်ဆို့
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အမေရိကန်ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီ ၅ ခုကို တန်ပြန်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် မကြာသေးမီက ထိုင်ဝမ်အား လက်နက်ရောင်းချမှုအသစ်ကို ကြေညာခဲ့သလို အကြောင်းအမျိုးမျိုးပြလျက် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအား ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ တန်ပြန်ဆောင်ရွက်မှုများနှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသအား အမေရိကန်နိုင်ငံက လက်နက်ရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ၊ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် အထူးသဖြင့် ၁၉၈၂ ခုနှစ် ဩဂုတ် ၁၇ ရက် ပူးတွဲကြေညာချက်၏ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများအား ဆိုးဝါးစွာထိခိုက်စေသည့် အကြောင်းပြချက်များစွာဖြင့် တရုတ်ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအပေါ် တရားမဝင် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အမေရိကန်နိုင်ငံ၏ မှားယွင်းသော အရေးယူဆောင်ရွက်မှုကို ပြန်လည်တုံ့ပြန်သောအားဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရေးယူပိတ်ဆို့မှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီ ၅ ခုဖြစ်သော BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat နှင့် Data Link Solutions တို့အား တန်ပြန်အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တန်ပြန်ဆောင်ရွက်မှုများတွင် တရုတ်နိုင်ငံရှိ အဆိုပါကုမ္ပဏီများ၏ ရွှေ့ပြောင်းနိုင်သောနှင့် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကိုလည်း ပိတ်သိမ်းထားမည်ဖြစ်သလို ၎င်းတို့နှင့် တရုတ်နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ငွေလွှဲငွေယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း တားမြစ်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာကျင့်သုံးရန်၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး စီမံခန့်ခွဲမှု အခြေခံစံနှုန်းများကို လိုက်နာရန်နှင့် ထိုင်ဝမ်အား လက်နက်ရောင်းချမှု ရပ်တန့်ရန်နှင့် တရားမဝင် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများဖြင့် တရုတ်နိုင်ငံကို ပစ်မှတ်ထားခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ ထိုသို့မဟုတ်ပါက တရုတ်နိုင်ငံမှ အခိုင်အမာ အပြည့်အဝ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China decides to sanction five U.S. defense industry companies
BEIJING, Jan. 7 (Xinhua) — China has decided to sanction five U.S. defense industry companies, a foreign ministry spokesperson said on Sunday.
The United States recently announced new arms sale to Taiwan and sanctioned Chinese businesses and individuals under various pretexts. The spokesperson announced the decision when asked about China’s countermeasures.
The U.S. arms sales to China’s Taiwan region in blatant violation of the one-China principle and the stipulations of the three China-U.S. joint communiques, particularly the August 17 joint communique of 1982, and the illegal unilateral sanctions the United States has imposed on Chinese companies and individuals under various false pretexts seriously harm China’s sovereignty and security interests, said the spokesperson.
The U.S. arms sales and the illegal unilateral sanctions also undermine the peace and stability across the Taiwan Strait, and violate the legitimate and lawful rights and interests of Chinese companies and individuals. China strongly deplores and firmly opposes this and has made solemn demarches to the United States, the spokesperson said.
The spokesperson said that in response to these gravely wrong actions taken by the United States and in accordance with China’s Anti-Foreign Sanctions Law, China has decided to sanction five U.S. defense industry companies, namely BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat and Data Link Solutions.
The countermeasures consist of freezing the properties of those companies in China, including their movable and immovable property, and prohibiting organizations and individuals in China from transactions and cooperation with them, the spokesperson said.
China urges the United States to abide by the one-China principle and the three China-U.S. joint communiques, observe international law and the basic norms governing international relations, stop arming Taiwan, and stop targeting China with illegal unilateral sanctions, the spokesperson said, noting that “otherwise there will be strong and resolute response from China.”