Connect with us

Media

ပြည်ပနိုင်ငံများက တရုတ်ခရီးသွားများကို ပိုမိုကြိုဆိုနိုင်ရေး မျှော်လင့်

ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက ပြည်တွင်းခရီးသွားလုပ်ငန်းနှင့်စီးပွားရေး မြှင့်တင်ရန် တရုတ်ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံက မတ်လ ၁ ရက်မှစ၍ တရုတ်နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များအား ဖြေလျှော့ပေးသွားမည် ဖြစ်သည့်အတွက် ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၈ သန်း ဝင်ရောက်ရန် ရည်မှန်းထားကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဆီယမ်ရိ(ပ်)အန်ကော နိုင်ငံတကာလေဆိပ် (SAI) အား ဖွင့်လှစ်ခဲ့ပြီးနောက် ဒေသခံများက မကြာမီကာလအတွင်း တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်ရန် မျှော်လင့်ကြကြောင်း သိရသည်။

အီဂျစ်နိုင်ငံက ၂၀၂၈ ခုနှစ်အထိ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် ၃ သန်း ဝင်ရောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း အီဂျစ်ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီး Ahmed Issa က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Foreign countries eager to welcome more Chinese tourists
Many countries around the world are expecting the visits of more Chinese tourists to boost local tourism and economy.
Thai government spokesperson Chai Wacharonke said on Friday that Thailand is targeting 8 million tourists from China this year, as the country will waive visa requirements for Chinese citizens starting March 1.
After the opening of the Chinese-invested Siem Reap Angkor International Airport (SAI) in last November, locals are expecting to welcome more Chinese tourists in the future.
Egyptian Minister of Tourism and Antiquities Ahmed Issa has said that Egypt seeks to attract 3 million Chinese tourists annually by 2028.
Xinhua News Agency correspondents reporting from Cairo/Bangkok/Phnom Penh.(XHTV)