Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဏာရပါတီ Awami League က လွှတ်တော်အမတ်နေရာ ၂၂၃ နေရာ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပြည်သူနှင့် တွေ့ဆုံပွဲ၌ စကားပြောကြားနေသော ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သော အာဏာရပါတီ Awami League (AL) သည် လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ ၂၉၈ နေရာအနက် ၂၂၃ နေရာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Kazi Habibul Awal က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။လွှတ်တော်အမတ်နေရာ ၃၀၀ အနက် မဲဆန္ဒနယ်တစ်နေရာ၏ ရလဒ်များကို ဆိုင်းငံ့ထားခဲ့သည်။ ထို့ပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းမဲဆန္ဒနယ်တစ်နေရာတွင် ဆန္ဒမဲပေးခြင်းအား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီတစ်ခုအနေဖြင့် စုစုပေါင်း လွှတ်တော်အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိပါက အစိုးရဖွဲ့နိုင်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပြည်သူနှင့် တွေ့ဆုံပွဲ၌ စကားပြောကြားနေသော ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် လွှတ်တော်ဆန္ဒမဲပေးခြင်း၌ ဆန္ဒမဲပေးသူများမှာ မဲပေးခွင့်ရှိသူစုစုပေါင်း၏ ၄၁.၈ ရာခိုင်နှုန်းရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွှတ်တော်အမတ်နေရာ အများစု အနိုင်ရရှိသူသော ပါတီက အစိုးရဖွဲ့နိုင်ကြောင်း Awal က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (ရှေ့တန်း၊ ဝဲဘက် ဒုတိယ) နှင့် ပြည်သူများ အပြန်အလှန် နှုတ်ခွန်းဆက်နေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုအကြိမ်ရွေးကောက်ပွဲတွင် အာဏာရပါတီဖြစ်သည့် AL ပါတီမှ ကိုယ်စားလှယ်လောင်း ၂၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိ မဲရုံ ၄၂,၀၀၀ ကျော်တွင် ဇန်နဝါရီ ၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ ဆန္ဒမဲပေးခြင်း စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
Bangladesh’s ruling party of Awami League wins 223 seats: Election Commission
DHAKA, Jan. 8 (Xinhua) — The ruling Bangladeshi Awami League (AL) party led by Prime Minister Sheikh Hasina has won 223 out of 298 seats in the country’s parliamentary elections, according to the Chief Election Commissioner Kazi Habibul Awal on Monday.
Out of 300 seats, the results of one constituency have been delayed. Meanwhile, polling in one constituency was postponed following the death of an independent candidate.
In Bangladesh, a party can form a government if it manages to clinch 151 seats of the parliament in total.
Awal said that voter turnout in Bangladesh’s 12th parliament polls reached 41.8 percent of the total eligible voters. In Bangladesh, the party that gets majority seats can form the government, he added.
Over 260 candidates from the ruling AL party joined the national elections. The voting began at 8:00 a.m. local time and concluded at 4:00 p.m. local time on Sunday in over 42,000 voting centers nationwide.
Photo 1, 2: Bangladeshi Prime Minister Sheikh Hasina speaks at a meeting in Dhaka, Bangladesh, on Jan. 8, 2024. (PMO/Handout via Xinhua)
Photo 3: Bangladeshi Prime Minister Sheikh Hasina (2nd L, Front) exchanges greetings with people at a meeting in Dhaka, Bangladesh, on Jan. 8, 2024. (PMO/Handout via Xinhua)