Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဏာရပါတီ Awami League က လွှတ်တော်အမတ်နေရာ ၂၂၃ နေရာ အနိုင်ရရှိ

ဒါကာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သည့် အာဏာရပါတီဖြစ်သော Bangladeshi Awami League (AL) ပါတီက ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၂၉၈ နေရာအနက် ၂၂၃ နေရာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Kazi Habibul Awal က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။လွှတ်တော်အမတ်နေရာ ၃၀၀ အနက် မဲဆန္ဒနယ်တစ်နေရာ၏ ရလဒ်အား ရွှေ့ဆိုင်းထားခဲ့သည်။ တစ်ချိန်တည်းမှာပင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းမဲဆန္ဒနယ်တစ်နေရာအတွက် ဆန္ဒမဲပေးခြင်းအား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွှတ်တော်အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိသည့် ပါတီက အစိုးရ ဖွဲ့နိုင်ကြောင်း သိရသည်။ (Xinhua)
————————
Bangladesh’s ruling party of Awami League wins 223 seats: Election Commission
The ruling Bangladeshi Awami League (AL) party led by Prime Minister Sheikh Hasina has won 223 out of 298 seats in the country’s parliamentary elections, according to the Chief Election Commissioner Kazi Habibul Awal on Monday.
Out of 300 seats, the results of one constituency have been delayed. Meanwhile, polling in one constituency was postponed following the death of an independent candidate.
In Bangladesh, a party can form a government if it manages to clinch 151 seats of the parliament in total.
Xinhua News Agency correspondents reporting from Dhaka.(XHTV)