Connect with us

China

တရုတ်နိုင်ငံ၏ ကောင်းကင်ယံတွင် တောက်ပနေကြသော ဒရုန်းများ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တာ့ဖန်းခရိုင် Shexiang ရှေးဟောင်းအပန်းဖြေမြို့ ကောင်းကင်ယံတွင် ဒရုန်းများဖြင့် ဇာမဏီငှက်ပုံသဏ္ဌာန် ပုံဖော်ထားသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ‌ရှေး‌ဟောင်း Shexiang ‌ရှေး‌ဟောင်းအပန်းဖြေမြို့ ကောင်းကင်ယံထက်ဝယ် ဒရုန်းအစင်းရေ ၅၀၀ ၏ အလင်းရောင်များ တောက်ပလျက် နဂါး၊ ဇာမဏီငှက်၊ ကြာပန်း ပုံသဏ္ဌာန်များ စုဖွဲ့ပုံဖော်ခဲ့ရာ ခရီးသွားဧည့်သည်များက အဆိုပါ အံ့ဩဖွယ်မြင်ကွင်းကို ဖုန်းများဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ နန်ချန်းမြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ဒရုန်းဖြင့် တင်ဆက်မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဒရုန်းများကို အဆိုပါအပန်းဖြေမြို့ စီမံခန့်ခွဲမှုအဖွဲ့က တာဝန်ယူလျက် ဒေသတွင်း ခရီးသွားကုမ္ပဏီတစ်ခုထံမှ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ တင်ဆက်ပြသမှုကို ယခင်လက ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ပထမဆုံး စတင်ပြုလုပ်ခဲ့သော ဇန်နဝါရီ ၁၈ ရက်က ခရီးသွားဧည့်သည်အရေအတွက်မှာ ၁၀၀,၀၀၀ အထိ စံချိန်တင်မြင့်မားခဲ့ကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ယွမ်ယွမ်က ပြောခဲ့သည်။

နောက်ထပ် ဒရုန်းတင်ဆက်မှုကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်နယ်မြို့တော် ကွေ့ယန်တွင် အခြေစိုက်သော Digital Intelligence Culture ၏ မန်နေဂျာ Long Lipin က ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ဒရုန်းအုပ်စု ပျံသန်းမှု ၁၂ ခု ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ စုစုပေါင်း ဝင်ငွေ ယွမ် ၁.၅၅ သန်း ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟန်ကျိုး အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားမှ စီးပွားရေးလုပ်ငန်း အရောင်းမြှင့်တင်ပွဲများ၊ မွေးနေ့ပါတီများနှင့် လက်ထပ်ခွင့်ပန်သည့်ပွဲများ စသဖြင့် တရားဝင်အခမ်းအနားများမှတစ်ဆင့် ဒရုန်းများ သရုပ်ဖော်တင်ဆက်မှုက တရုတ်နိုင်ငံတွင် လူသိများ‌ကျော်ကြားလာခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်ရှိ ဒရုန်းတင်ဆက်မှု ဦးဆောင်ကုမ္ပဏီတစ်ခုကလည်း ၂၀၂၃ ခုနှစ်တွင် ဒရုန်းတင်ဆက်ပြသမှု ၁၇၅ ခု ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် အရေအတွက် နှစ်ဆခန့် ရှိခဲ့ကြောင်းနှင့် ပြည်တွင်းနှင့် ပြည်ပရှိ မြို့ပေါင်း ၁၀၀ ကျော်၌ တင်ဆက်ပြသခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Lu Lingyue က ဆိုသည်။ (Xinhua)

……………………………
(English Version)
Dazzling drone fleets fly high in China
GUIYANG, Feb. 4 (Xinhua) — At the ancient resort town of Shexiang in southwest China’s Guizhou Province, 500 drones with twinkling lights soared into the sky, forming patterns resembling a dragon, a phoenix and a lotus successively, as curious tourists pulled out cell phones to capture the incredible spectacle.
The drone fleets were hired by the local tourism company in charge of the resort management.
Yuan Yuan, chairperson of the company, said the performance was held four times last month, with the tourist number hitting a record high of 100,000 when it debuted on Jan. 18.
Long Lipin, manager of the drone performance company called Digital Intelligence Culture, said the company based in the provincial capital of Guiyang has put on 12 drone fleet shows since last August, earning a total business revenue of 1.55 million yuan as of the end of 2023.
From official celebrations such as the opening ceremony of the Hangzhou Asian Games to commercial promotions, birthday parties and marriage proposals, drone fleet performances have become increasingly popular in China, with the market size constantly expanding in recent years.
Lu Lingyue, general manager of a leading drone performance company in east China’s Jiangxi Province, said the company organized 175 fleet shows in 2023, about twice the number in 2022, with performances held in more than 100 cities at home and abroad.
Photo 1: Drones form a phoenix pattern in the sky at the ancient resort town of Shexiang in Dafang County, southwest China’s Guizhou Province, Jan. 18, 2024. (Xinhua)
Photo 2: A drone show is staged in celebration of the 74th anniversary of the founding of the People’s Republic of China, in Nanchang, east China’s Jiangxi Province, Oct. 1, 2023. (Xinhua)