Connect with us

China

တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့၏ အေးခဲသောရာသီဥတုအတွင်း အောက်မေ့ဖွယ်နေရာများသို့ ခရီးသွားဧည့်သည်များ သွားရောက်လေ့လာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့ရှိ ဂျပန်အင်ပါယာ တော်ဝင်တပ်မတော် ယူနစ် ၇၃၁ က ကျူးလွန်မှုများပြခန်း အပြင်ဘက်မြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ဆောင်းရာသီခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ ထိပ်တန်းနေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ခရီးသွားဧည့်သည်များသည် ရေခဲ-ဆီးနှင်းဥယျာဉ်ကဲ့သို့ လူသိများထင်ရှားသောနေရာများတွင် ပျော်ရွှင်ဖွယ် ပွဲတော်အစီအစဉ်များကြားမှ ယင်းမြို့လယ်အနီးရှိ အောက်မေ့ဖွယ်နေရာသို့လည်း အဖွဲ့လိုက်သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

လူငယ်များစွာတို့သည် ဆီးနှင်းကိုတွေ့ကြုံခံစားနိုင်ရန်နှင့် သမိုင်းကြောင်းကို လေ့လာရန် ဟာအယ်ပင်းမြို့သို့ လာရောက်လည်ပတ်လျက်ရှိပြီး တရုတ်နိုင်ငံရှိ လူငယ်မျိုးဆက်၏ ခွန်အားနှင့် တာဝန်ရှိမှုကို ဖော်ပြလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့ရှိ ဂျပန်အင်ပါယာ တော်ဝင်တပ်မတော် ယူနစ် ၇၃၁ က ကျူးလွန်မှုများပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(English Version)
In Harbin’s icy embrace, tourists flock to offer condolences, cherish memories
Since the beginning of the year, Harbin, capital of northeast China’s Heilongjiang Province, has emerged as a top winter destination. But, amid the joyous festivities at popular spots like the Ice-Snow World theme park, tens of thousands have also flocked to a memorial outside the city center.
More and more young people are braving the wind and snow to come here and learn about history, demonstrating the strength and responsibility of the younger generation in China.
Photo 1: This photo taken on Jan. 25, 2024 shows a view outside the Exhibition Hall of Evidence of Crimes Committed by Unit 731 of the Japanese Imperial Army in Harbin, northeast China’s Heilongjiang Province. (Xinhua/Xie Jianfei)
Photo 2: People visit the Exhibition Hall of Evidence of Crimes Committed by Unit 731 of the Japanese Imperial Army in Harbin, northeast China’s Heilongjiang Province, Jan. 25, 2024. (Xinhua/Xie Jianfei)